Photo credit - WePlay Esports

လာမယ့် April လထဲမှာတော့ WePlay ကနေ ကျင်းပပြုလုပ်တဲ့ WePlay Pushka League Dota 2 ပြိုင်ပွဲကြီး ကျင်းပဖို့ရှိနေပါတယ်။

ဒီပြိုင်ပွဲကြီးကတော့ Europe နဲ့ CIS region နှစ်ခုထဲသာ ယှဥ်ပြိုင်ရမှာဖြစ်ပြီး direct invites 12 သင်းနဲ့ qualifier 2 သင်း စုစုပေါင်း 14 သင်းဝင်ရောက်ယှဥ်ပြိုင်သွားမှာပဲ ဖြစ်ပါတယ်။

Europe Region ကနေ direct Invite ရရှိထားတဲ့ dota2 teamsတွေကတော့ Nigma, Team Secret, OG, Team Liquid, Alliance နဲ့ Ninjas in Pyjamas တို့ပဲဖြစ်ပါတယ်။

CIS region ကနေ direct invite ရရှိထားတဲ့ teams တွေကတော့ Navi, Virtus.pro, B8 ,HellRaisers, Gambit Esports နဲ့ Team Spirit တို့ပဲဖြစ်ပါတယ်။

ဒီပြိုင်ပွဲကြီးမှာ စုစုပေါင်းပေးအပ်သွားမယ့် prize pool ကတော့ $250,000 USD ဖြစ်ပြီး လာမယ့် April လ 23 ရက်နေ့မှာ စတင်ယှဥ်ပြိုင်သွားရမှာပဲ ဖြစ်ပါတယ်။

Source - Liquipedia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။