ပရိသတ်ကြီးရေ.. သရုပ်ဆောင်ကောင်းတဲ့အပြင် အနုပညာလောကမှာ ချစ်စရာကောင်းပြီး ပြုံးလိုက်တိုင်း ဆွဲဆောင်မှုရှိတဲ့ ပါးချိုင့်အပြုံးချိုချိုလေးတွေနဲ့ ပရိသတ်တွေကို အမြဲအချစ်ပိုဖမ်းစားတတ်တဲ့ မင်းသမီးချောလေးကတော့ မမြတ်လေးလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ အေးမြတ်သူပဲ ဖြစ်ပါတယ်နော်..။

ကျရာဇာတ်ရုပ်တွေကို အကောင်းဆုံးနဲ့အပီပြင်ဆုံး သရုပ်ဆောင်ပိုင်နိုင်မှုတွေကြောင့် အကယ်ဒမီဆုတွေကိုပါ ပိုင်ဆိုင်ထားပြီး ပွင့်လင်းတဲ့ စကားပြောဟန်ပန်လေးတွေနဲ့ ဟန်ဆောင်မှုကင်းတဲ့ ပုံရိပ်လေးတွေကလည်း သူမရဲ့ ဆွဲဆောင်မှုလေးတွေပါပဲ..။

Photo Credit - Aye Myat Thu's FB Page
Photo Credit - Aye Myat Thu's FB Page
Photo Credit - Aye Myat Thu's FB Page

ပရိသတ်အချစ်တော် မမြတ်လေးကတော့ လတ်တလောမှာCovid-19 ရောဂါကြောင့် အတက်နိုင်ဆုံး အိမ်အပြင်မထွက်ဘဲ အိမ်ထဲမှာပဲနေရင်း ဗီတာမင်ရှိတဲ့ အစားအသောက်တွေကို ကိုယ်တိုင်ချက်ပြုတ်စားသောက်ရင်း ပျော်သလိုလေး နေကာ ချစ်ဖို့ကောင်းနေပါတယ်နော်..။

အိမ်မီာပဲနေရင်း အာဟာရရှိမယ့် အစားအသောက်တွေကို ကိုယ်တိုင်ချက်ပြီး ကိုယ်တိုင်စားသောက်နေကာ အဆင်ပြေသလိုလေး နေနေတယ်ဆိုတဲ့ မမြတ်လေးရဲ့ ချစ်စရာပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေ သဘောကျအချစ်ပိုနေကြမှာပါနော်..။

Photo Credit - Aye Myat Thu's FB Page
Photo Credit - Aye Myat Thu's FB Page
Photo Credit - Aye Myat Thu's FB Page

"ခုဆိုရင်..စင်ဒရဲလားလေး ကကိုယ်တိုင်ချက်သည်များကို ကိုယ်တိုင်ကုန်အောင်စား၍.... ဗီတာမင်ရှိမည်ထင်ရာများအား ... အဆင်ပြေသလို လုပ်ကိုင်စားသောက်ဆေးကြောနေပါကြောင်း

stayathome

ချစ်ရသူတွေ ကို လွမ်းနေပါတယ်လို့ ....

စကားမစပ်..ကျန်မားရေးအသိပေးချက်လေးတွေကို တိကျစွာလိုက်နာရင်း သွားလာနေထိုင်ကြပါနော်.." ဆိုပြီး အိမ်မှာနေတဲ့ ချစ်စရာပုံရိပ်လေးတွေကို မျှဝေထားတာပဲ ဖြစ်ပါတယ်..။

ကဲ.. ပရိသတ်ကြီးရေ.. ဒီကနေ့လေးမှာတော့ အိမ်မှာပဲနေကာ ဗီတာမင်ရှိတဲ့ အစားအသောက်တွေကို ကိုယ်တိုင်ချက်ပြုတ်စားသောက်နေရင်း ချစ်ရတဲ့ ပရိသတ်တေေ်ကိုလည်း ကျန်းမာရေးဂရုစိုက်ဖို့ ပြောထားတဲ့ မမြတ်လေးရဲ့ ပုံရိပ်လေးတွေကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Aye Myat Thu's FB Page
Photo Credit - Aye Myat Thu's FB Page

Source & Photo Credit - Aye Myat Thu's FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။