သရဲနီတို့ရဲ့မန်ချက်စတာယူနိုင်တက်အသင်းက ရီးရဲမက်ဒရစ်နဲ့ဘာစီလိုနာကိုကျော်ပြီး ကမ္ဘာ့တန်ဖိုးအရှိဆုံးဘောလုံးအသင်းဖြစ်လာပါတယ်။KPMGအဖွဲ့ရဲ့စစ်တမ်းအရ အိုးထရက်ဖို့ကွင်းပိုင်ရှင် မန်ချက်စတာယူနိုင်တက်က တန်ကြေးယူရို၃.၀၉ဘီလီယံကျော်ရှိနေပြီး ဒုတိယနဲ့တတိယနေရာမှာတော့ ရီးရဲမက်ဒရစ်အသင်းက ယူရို၂.၉၇ဘီလီယံဖြင့်ဒုတိယနေရာရကာ အခြားစပိန်ကလပ် ဘာစီလိုနာကတော့ ယူရို၂.၇၆ဘီလီယံဖြင့်တတိယနေရာမှာရှိနေပါတယ်။

စတုတ္ထနေရာမှာ ဂျာမန်ထိပ်သီးအသင်း ဘိုင်ယန်မြူးနစ်က တန်ကြေးယူရို၂.၄၄ဘီလီယံဖြင့်လည်းကောင်း နံပါတ်၅နေရာမှာ အခြားမန်ချက်စတာအခြေစိုက်အသင်း မန်ချက်စတာစီးတီးအသင်းက ယူရို၁.၉ရဖြင့်လည်းကောင်း လန်ဒန်အခြေစိုက်အသင်းကြီး အာဆင်နယ်အသင်းက တန်ကြေးယူရို၁.၉၅ဘီလီယံဖြင့် အဆင့်၆မှာလည်းကောင်း အသီးသီးရပ်တည်နေကြပါတယ်။

အဆင့်ရနဲ့၈မှာတော့ ချယ်ဆီးက ယူရို၁.၅၉ဘီလီယံဖြင့်အဆင့်၇ရပြီး လီဗာပူးအသင်းက ယူရို၁.၃၃ဘီလီယံဖြင့် အဆင့်၈မှာရပ်တည်နေကြပါတယ်။အီတလီကလပ် တူရင်မြို့ခံ ဂျူဗင်တပ်အသင်းက ယူရို၁.၂၁ဘီလီယံဖြင့်အဆင့်၉မှာရှိကာ နောက်ဆုံးအဆင့်၁ဝမှာ တော့တီဟမ်စပါးက ယူရို၁.၀၁ဘီလီယံဖြင့်ရှိနေပါတယ်။ထူးခြားချက်က ထိပ်ဆုံး၁ဝသင်းမှာ အင်္ဂလန်က ၆ သင်းတောင်ပါဝင်နေပါတယ်။

Source-Bleacher Report UK

Hein 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။