ချစ်ပရိသတ်ကြီးရေ အနုပညာလောကထဲကို မကြာသေးမီအချိန်က ဝင်ရောက်ခဲ့ပြီး ပရိသတ်အချစ်တွေကို အပြည့်အဝရယူထားနိုင်တဲ့ သူလေးကတော့ မင်းသမီးချောလေး ဆောင်းယွန်းစံ ပဲ ဖြစ်ပါတယ်။ အကယ်ဒမီစင်မြင့်ထက်မှာ ရွှေကြိုမယ်လေးအဖြစ် ပါဝင်ခဲ့ပြီး ပရိသတ်တွေ သတိထားမိကာ အခုလက်ရှိမှာတော့ ဆောင်းယွန်းစံက အနူပညာလှုပ်ရှားမှုအနေနဲ့ music videoလေးတွေ၊ ကြော်ငြာတွေနဲ့ ရုပ်ရှင်ဇာတ်ကားတွေကိုလည်း ပါဝင်ရိုက်ကူးနေရတာလည်းဖြစ်ပါတယ် ။ 

Photo credit - Saung Yoon San's Facebook account
Photo credit - Saung Yoon San's Facebook account

ဒါ့အပြင် ဖိတ်ကြားထားတဲ့ပွဲအခမ်းအနားတွေကိုလည်း လှပစွာ တက်ရောက်နေတာပဲဖြစ်ပါတယ်။ Photo shootingလေးတွေကိုလည်း မိမိုက်တဲ့ ပိုစ့်လေးတွေနဲ့ ဓာတ်ဖမ်းနေတာပဲဖြစ်ပြီး အခုလက်ရှိမှာလည်း ဆံပင်ပုံစံအသစ်လေးနဲ့ ဓာတ်ဖမ်းထားတဲ့ ပုံလေးတွေကို တင်ပေးလါတာပဲဖြစ်ပါတယ်။

ဆောင်းယွန်းစံ က " အိမ်မှာပဲနေကြပါ လုပ်စရာမရှိရင် ဆောင်းယွန်းကို သတိရနေပေး " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာပဲဖြစ်ပါတယ်​။

Photo credit - Saung Yoon San's Facebook account
Photo credit - Saung Yoon San's Facebook account

ပရိသတ်အချစ်တော် ဆောင်းယွန်းစံ က ကိုရိုနာဗိုင်းရပ်ကြောင့် အနုပညာလှုပ်ရှားမှုတွေကို ရပ်ဆိုင်းထားပြီးအိမ်မှာပဲ နားနားနေနေနေထိုင်နေတာလည်းဖြစ်ပါတယ်။ ချစ်ပရိသတ်တွေလည်း အပြင်မထွက်ပဲ အိမ်မှာပဲနေဖို့ မကြာသေးမီအချိန်က သရုပ်ဆောင်မင်းသမီးချောလေး ဆောင်းယွန်းက တိုက်တွန်းပြောဆိုထားပါသေးတယ်။ ချစ်ပရိသတ်ကြီးက ဆောင်းယွန်းရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို ကြည့်ပြီး အချစ်ပိုမိစေမှာအသေအချာပဲမို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။ 

Photo credit - Saung Yoon San's Facebook account

Source & Photo credit - Saung Yoon San's Facebook account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။