ကမ္ဘာ့မဟာပြိုင်ဘက်တွေဖြစ်ကြတဲ့ ရီီးရဲမက်ဒရစ်ကစားသမား ပေါ်တူဂီနိုင်ငံသား စီရော်နယ်ဒိုနဲ့ ဘာစီလိုနာကစားသမား အာဂျင်တီးနားနိုင်ငံသား လီယွန်နယ်မက်ဆီ တို့ကြားပြိုင်ဆိုင်မှုတွေက ပြင်းထန်လှပါတယ်။အကောင်းတကာ အကောင်းဆုံးတွေလို့ဆိုရလောက်အောင်ပင် နောက်ဆုံး၉နှစ်ဆက်တိုက် ကမ္ဘာ့အကောင်းဆုံးကစားသမားဆု ဘလွန်းဒီအောဆုကို မက်ဆီက၅ခါရယူထားပြီး စီရော်နယ်ဒိုက ၄ခါဖြင့် အသီးသီးရယူထားနိုင်ခဲ့ကြပါတယ်။

ရီီးရဲမက်ဒရစ်အသင်းတိုက်စစ်မှူး စီရော်နယ်ဒိုက သူ့အနေဖြင့်အကောင်းဆုံးဘောလုံးကစားသမားများ ဘောလုံးကန်တာကိုကြည့်ရှုရခြင်းအား နှစ်သက်ပြီး ဘာစီလိုနာတိုက်စစ်မှူးမက်ဆီ မှာလည်းအကောင်းဆုံးထဲက၁ယောက်ဖြစ်ပြီး မက်ဆီကစားတာကို ကြည့်ရှုရခြင်းအားအလွန်နှစ်သက်ကြောင်း ချီးကျူးပြောဆိုသွားပါတယ်။စီရော်နယ်ဒိုက မက်ဆီနဲ့လည်း ကောင်းမွန်တဲ့ဆက်ဆံရေးတွေရှိနေကြောင်းပြောကြားခဲ့ပါတယ်။

ဒါ့အပြင် စီရော်နယ်ဒိုက မက်ဆီနဲ့သူက မိတ်ဆွေတွေမဟုတ်ပေမယ့်လည်း ဘောလုံးသမားအဖြစ် အသက်မွှေးဝမ်းကြောင်းတူသောကြောင့် လုပ်ဖော်ကိုင်ဖက်တွေလို့ခံယူထားကြောင်း သူနဲ့မက်ဆီကပြိုင်ဘက်တွေမဟုတ်ကြောင်း မီဒီယာတွေပရိသတ်တွေက သူတို့၂ယောက်ကို နှိုင်းယှဉ်နေမှုအား မနှစ်သက်ကြောင်းပြောဆိုခဲ့ပါတယ်။ဒီရာသီမှာ မက်ဆီက ပြိုင်ပွဲစုံဂိုး၅ရဂိုးသွင်းယူထားနိုင်ခဲ့ကာ ဘာစီလိုနာနဲ့အတူ စပိန်ဘုရင့်ဖလားရရှိထားကာ စီရော်နယ်ဒိုက ပြိုင်ပွဲစုံဂိုး၄ဝသွင်းထားပြီး စပိန်လာလီဂါဖလားရရှိထားကာ ချန်ပီယံလိဂ်ဗိုလ်လုပွဲကိုလည်းရောက်ရှိထားသည်။

Source-Sky Sports

Hein 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။