ပရိသတ်ကြီးရေ မော်လ်ဒယ်မင်းသားချောလေး ပိုင်တံခွန် ကတော့ အနုပညာလောကမှာ အချိန်အတိုးအတွင်း ပရိသတ်တွေအားပေးချစ်ခင်မှုတွေကြောင့် နေရာတစ်ခုကို အခိုင်အမာရပ်တည်ထားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ ပိုင်တံခွန်ကတော့ခန္ဓာကိုယ်ဘော်ဒီကောက်ကြောင်းအလှတွေကို ပိုင်ဆိုင်ထားပြီး နှုတ်ခမ်းနီမလေးတွေရဲ့ ဝန်ရံခြင်းကို ရရှိထားတာ ပဲဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာဆိုရင် အနုပညာအလုပ်တွေကို ကြိုးကြိုးစားစားနဲ့ လုပ်ကိုင် နေတာကိုတွေ့ရပြီး ပရိတ်သတ်တွေရဲ့ လက်ခံအားပေးမှုကို များစွာရရှိပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

Photo Credit - Paing Takhon
Photo Credit - Paing Takhon

ယခုမှာဆိုရင်လည်း ပိုင်တံခွန် က အိမ်မှာနေရင် ပရိသတ်တွေ အလွမ်းပြေစေမယ့် အမိုက်စားပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။ ဒီပုံလေးတွေထဲမှာတော့ ပိုင်တံခွန် က ချစ်စရာကောင်းတဲ့ ခွေးလေးနဲ့ အတူတူ ဆော့ကစားနေပြီး ခန္ဓာကိုယ်ပေါ်က အမိုက်စားတက်တူး တွေကလည်း မိုပိုထင်မြင်ပြတ်သားစွာ ပေါ်လွင်နေတာဖြစ်ပါတယ်။ တိရိစ္ဆာန် လေးတွေကို အလွန်းအမင်းချစ်တက်တဲ့ ပိုင်တံခွန်ကတော့ ဒီပုံလေးတွေနဲ့ ပရိသတ်တွေ ချစ်သက်ကြွေအောင် ညို့အားပြင်းပြင်း နဲ့ ဖမ်းစားလိုက်ပြန်ပြီလည်းဖြစ်ပါတယ်။

Photo Credit - Paing Takhon
Photo Credit - Paing Takhon

ပိုင်တံခွန်ရဲ့လှပတဲ့ခန္ဓာကိုယ်ကြွက်သားအလှတွေကတော့ ယောကျာ်းဆန်ပြီးကြည့်လို့ကောင်းလှပါတယ်နော်....။ ပရိသတ်ကြီးကလည်း အချစ်တော်လေး ပိုင်တံခွန် ရဲ့ အိမ်မှာနေရင်းဓာတ်ဖမ်းထားတဲ့ အမိုက်စားပုံရိပ်လေးတွေကို သဘောကျကြိုက်နှစ်သတ်မယ်လို့ မျှော်လင့်မိပါတယ်။ ကဲ...ချစ်ပရိသတ်ကြီးရေ မော်လ်ဒယ်မင်းသားချောလေး ပိုင်တံခွန် ရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Paing Takhon
Photo Credit - Paing Takhon

Photo Credit - Paing Takhon

Source - Paing Takhon Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။