လွင်မိုးရဲ့သမီးချောလေးဖြစ်တဲ့ ယွန်းဝတီလွင်မိုးကတော့ကိုယ်ပိုင်မိသားစုဘဝလေးကိုပိုင်ဆိုင်ထားပြီး သားချောလေးတစ်ယောက်ကိုလည်းမွေးဖွားထားတာဖြစ်ပါတယ်။ယွန်းဝတီလွင်မိုးက အနုပညာအလုပ်တွေကို နိုင်သလောက်လေးလုပ်ဆောင်နေပြီး လတ်တလောမှာဆိုရင်တော့ ဩစတေးလျကိုသွားရောက်ကာ ဇနီးမောင်နှံနှစ်ယောက်လုံး ပညာသင်ကြားနေကြတာပဲဖြစ်ပါတယ်။

Photo Credit:Yun Waddy Lwin Moe's Facebook page
Photo Credit:Yun Waddy Lwin Moe's Facebook page
Photo Credit:Yun Waddy Lwin Moe's Facebook page

ကျောင်းတွေပိတ်ချိန်ဆိုရင် မြန်မာပြည်ကိုပြန်လာပြီး မိသားစုလေးနဲ့အတူ နွေးထွေးစွာနေထိုင်ကြသလို မိသားစုတွေစုံစုံလင်လင်နဲ့ခရီးတွေလည်းသွားကြပါတယ်နော်။Liamလေးတို့မိသားစုရဲ့ကြည်နူးစရာပုံရိပ်လေးတွေကို ပရိသတ်တွေကလည်း စောင့်ကြည့်အားပေးနေကြတာဖြစ်ပါတယ်။ယွန်းဝတီလွင်မိုးတို့မိသားစုဝင်အကုန်လုံးက ပရိသတ်တွေရဲ့ချစ်ခင်မှုတွေကို ရရှိပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

Photo Credit:Yun Waddy Lwin Moe's Facebook page
Photo Credit:Yun Waddy Lwin Moe's Facebook page/Alinn Yaung

ယွန်းဝတီလွင်မိုးကတော့ အခုနောက်ပိုင်းမှာဆိုရင် Tiktokလေးတွေကိုလည်း ချစ်စရာအမူအရာလေးတွေနဲ့ ပျော်ပျော်ပါးပါးကစားလာပြီး လူမှုကွန်ယက်စာမျက်နှာမှာ မျှဝေနေတာဖြစ်ပါတယ်။အခုဆိုရင်လည်း ချစ်ခင်ပွန်းနဲ့အတူ အားတဲ့အချိန်လေးမှာ နှစ်ယောက်သား ပျော်ရွှင်စွာဆော့ကစားနေတဲ့ Tiktokဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်ကြီးအတွက်မျှဝေပေးလာတာဖြစ်ပါတယ်နော်။

Photo Credit:Yun Waddy Lwin Moe's Facebook page
Photo Credit:Yun Waddy Lwin Moe's Facebook page
Photo Credit:Yun Waddy Lwin Moe's Facebook page

Source&Photo Credit:Yun Waddy Lwin Moe's Facebook page

Video Credit: Yunwaddy's Tiktok Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။