ချစ်ပရိသတ်ကြီး အဆိုတော်ဖြိုးမြတ်အောင်ကတော့ "Myanmar Idol Season 3" ရဲ့ Winner ဆုရှင်ဖြစ်ပြီး သူ့ရဲ့ပင်ကိုယ်အသံကြောင့် ပရိသတ်တွေရဲ့ အချစ်တွေကို ရယူသိမ်းပိုက်ထားတာ ဖြစ်ပါတယ်။ဖြိုးမြတ်အောင်နဲ့ သူရဲ့ပရိသတ်တွေ အပြန်အလှန်ထားရှိကြတဲ့ မေတ္တာတရားကတော့ ကြက်သီးထစရာကောင်းလောက်ပါတယ်။ဖြိုးမြတ်အောင်ကတော့ လတ်တလောမှာ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်တာကိုလည်းတွေ့ရပါတယ်။

Photo Credit - Phyo Myat Aung
Photo Credit - Phyo Myat Aung

လတ်တလော ကမ္ဘာ့အနိုင်အသီးသီးမှာ ကူးစက်ပြန်ပွားနေတဲ့ Covid-19 ရောဂါ ကြောင့် ပြည်ပနိုင်ငံတွေမှပြန်လာတဲ့ ပြည်တော်ပြန်တွေကို ထားရှိရာ ကရင်ပြည်နယ် မြဝတီမြို့ တွင်တည်ရှိသော စောင့်ကြည့်ရေးစခန်းများတွက် ပရိသတ်တွေရဲ့ အချစ်တော်လေး ဖြိုးမြတ်အောင် နှင့် Fan များစုပေါင်းပြီး ဆန်အိတ် (၁၀၀) ကို မြဝတီမြို့သားများ စားနပ်ရိက္ခာတွေ စုဆောင်းရေးအဖွဲ့သို့ လှူဒါန်းလိုက်ပြီဖြစ်ပါတယ်။

Photo Credit - Phyo Myat Aung
Photo Credit - Phyo Myat Aung

ယခုလို အနိုင်ငံ နှင့် လူမျိုးအတွက်တစ်ထောင့်တစ်နေရာကနေ ဝိုင်းဝန်ပြီး လှူဒါန်းပေးတာဟာ တကယ့်ကိုမွန်မြတ်လှပါတယ်နော်....။ ပရိသတ်ကြီးကလည်း အချစ်တော်လေး ဖြိုးမြတ်အောင် နှင့် Fan တွေရဲ့ လှူဒါန်းမှုတွေကို ဆုမွန်ကောင်းတောင်းပေးလိုက်ပါဦး။ ကဲ...ချစ်ပရိသတ်ကြီးရေ လိုအပ်နေတဲ့ စားနပ်ရိက္ခာတွေ တွက် ဆန်အိတ် (၁၀၀) လှူဒါန်းနေတဲ့ ဖြိုးမြတ်အောင် Fan တွေရဲ့ ပုံရိပ်တွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Phyo Myat Aung
Photo Credit - Phyo Myat Aung

Photo Credit - Phyo Myat Aung

Source - Phyo Myat Aung Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။