ပရိသတ်ကြီးရေ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲဝင်အသင်းဖြစ်တဲ့ ရှမ်းယူနိုက်တက်အသင်းကတော့ လတ်တလော ကူးစက်ပြန်ပွားနေတဲ့ Covid - ရောဂါနဲ့ ပတ်သက်ပြီး နိုင်ငံသူ၊ နိုင်ငံသား များတွက် အကြံပြုပြောဆိုလာပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာလည်း Covid-19 ရောဂါ ကူးစက်ခံထားတဲ့သူလည်း ရှိလာခဲ့ပြီး နောက်ထပ်ကူးစက်မှုမရှိအောင် တာဝန်ရှိသူများ အထူးစောင့်ကြပ်ကြည့်ရှုကုသမှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။Covid- 19 ရောဂါ ကူးစက်ခံရတာရင်လည်း ရှက်စရာမဟုတ်ပါဘူး ဒီရောဂါက မည်သူမဆို အလွယ်တကူ မထင်မှတ်ဘဲ ကူးစက်ခံရနိုင်ပါတယ်။

Photo Credit - Shan United FC
Photo Credit - Shan United FC

ရောဂါပိုးရှိနေတာကို ဖုံးကွယ်ထားတာကြောင့် ကိုယ့်ရဲ့ မိသားစုအပါအဝင်၊ ပတ်ဝန်းကျင်နဲ့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေအများကြီးကို ကူးစက်သွားနိုင်ပါတယ်။ဒါကြောင့် ကျွန်တော်တို့ မြန်မာနိုင်ငံမှာ လူဦးရေနဲ့ အချိုးချရေတွက်မယ်ဆိုရင် ဆရာဝန်များနဲ့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းအရေအတွက်ဟာ အင်မတန် နည်းပါးပါတယ်။ မိမိက ဖုံးကွယ်ထားတာကြောင့် အချိန်လွန်မှ သိရပြီး ဆရာဝန်နဲ့ ဆေးဝန်ထမ်းတွေကို ရောဂါကူးစက်သွားတာ သို့မဟုတ် ရောဂါပိုးရှိသူနဲ့ ထိတွေ့ထားတာကြောင့် (၁၄) ရက်ကြာ မည်သူနဲ့မှ မတွေ့ရဘဲ သီးသန့်ခွဲ (Quarantine) ပြီးနေရရင် တခြားလူနာတွေကို ဘယ်သူက တာဝန်ယူ ကြည့်ရှု ကုသ ပေးနိုင်မလဲခင်ဗျာ။

Photo Credit - Shan United FC
Photo Credit - Shan United FC

အရေအတွက် အင်မတန်နည်းပါးနေတဲ့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေကို ဝိုင်းဝန်းကူညီကြပြီး မိမိရဲ့ မိသားစု ဆွေမျိုး၊ ပတ်ဝန်းကျင်၊ နိုင်ငံနဲ့ လူမျိုးအတွက် မိမိရောဂါကို စောစောသိ၊ စောစောပြော၊ စောစောကုသခြင်းဖြင့် နိုင်ငံသားတာဝန်ကို ကျေပွန်ကြပါနော်..။ Covid-19 ရောဂါ ကို ကြိုတင်ကာကွယ်နိုင်ဖို့ အတွက် အပြင်ကပြန်တာပဲဖြစ်ဖြစ် အိမ်ထဲမှာနေရင်လည်းမကြာခဏ လက်ကို ဆပ်ပြာနဲ့ စက္ကန့် (၂၀) ကြာ သေချာစွာ ဆေးကြောပါ။လူစုလူဝေးရှိမည် နေရာများကို အထူးရှောင်ကြဉ်သင့်ပါတယ်နော်....။ကဲ...ချစ်ပရိသတ်ကြီးရေ ဖြစ်လာမယ့်အရာတွေကို အကောင်းဆုံး ရင်ဆိုင်ကျော်ဖြတ်ကြမယ်နော်...။

Photo Credit - Shan United FC

Photo Credit - Shan United FC

Source - Shan United FC Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။