မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် ဧရာဝတီ ဖောင်ဒေးရှင်းတို့ သည် COVID19 ဗိုင်းရပ်စ် ကူးစက်ရောဂါ စောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်းစဉ်များကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ တာဝန်ပေးမှု လမ်းညွှန်မှုများအတိုင်း ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ပါတယ်။စောင့်ကြပ် ကြည့်ရှု့ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် တစ်ဖက်တစ်လမ်းမှ ဝိုင်းဝန်းကူညီပံ့ပိုးလှူဒါန်းပေးတာဟာ အလွန်းပဲ မွန်မြတ်လှပါတယ်။

Photo Credit - Myanmar Football Federation Facebook page

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ Official Hydration Partner ဖြစ်သည့် 100PLUS မှ 100PLUS ရေဓာတ်ဖြည့်အချိုရည် ဗူးပေါင်း ၂၅၀၀၀ ကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် Covid19 စောင့်ကြပ်ကြည့်ရှုစခန်းတွင် လာရောက် လှူဒါန်းခဲ့ကြပါတယ်။စောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်ဆောင်ရွက်သူများနှင့် စောင့်ကြပ် ကြည့်ရှုခံ ခရီးသွားများအတွက်

Photo Credit - Myanmar Football Federation Facebook page

MMA (Myanmar Medical Association) မှ သစ်သီးဗူး ၂၀၀ နှင့် MAX Global Ltd CEO မသဇင်အောင်မှ သစ်သီးဗူး ၂၀၀ ,United Pharmaceutical Company Ltd မှ ဆေးဝါးနှင့် အကာအကွယ် ပစ္စည်းများကိုလည်းကောင်း စောင့်ကြပ်ကြည့်ရှု့ခံမည့်သူများအတွက် လှူဒါန်းခဲ့ပါတယ်။COVID19 စောင့်ကြပ်ကြည့်ရှု့ရေး လုပ်ငန်းများတွင် ပါဝင်လှူဒါန်းခဲ့ကြသည့် အလှူရှင်များအား မြန်မာဘောလုံးအဖွဲ့ချုပ် နှင့်အတူ ဆုမွန်ကောင်းတောင်းပေးလိုက်ပါဦး။

Photo Credit - Myanmar Football Federation Facebook page

Souece - Myanmar Football Federation Facebook page  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။