ပရိသတ်ကြီးရေ အချစ်တော်လေးတစ်ယောက်ဖြစ်တဲ့ မင်းသမီးချောလေး အိချောပိုကတော့ ယောက်ျားလေးပရိသတ်တွေရဲ့ အထူးချစ်ခင်အားပေးမှုကို ရရှိထားတဲ့ မိန်းမလှလေးတစ်ဦးဖြစ်ပါတယ်။ အိချောပိုလေးက ကိုယ်ခန္ဓာအချိုးအစား ပြေပြစ်လှပပြီး အမိုက်စားကောက်ကြောင်းအလှကို ပိုင်ဆိုင်ထားတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အနုပညာလောကမှာ နေရာတစ်ခုကို အခိုင်မာရပ်တည်ထားနိုင်သလို ပိုမိုအောင်မြင်တဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ ကြိုးစားနေသူလည်းဖြစ်ပါတယ်။

Photo Credit - Ei Chaw Po
Photo Credit - Ei Chaw Po

ယခုမှာဆိုရင်လည်း အိချောပို ကတော့ ချစ်တဲ့ပရိသတ်တွေအလွမ်းပြေဖြစ်အောင် အိမ်မှာနေရင်း ဓာတ်ဖမ်းထားတဲ့ပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။ ဒီပုံလေးတွေထဲမှာတော့ အိချောပို က ဆွဲမက်စရာကောင်းပြီး ကြည်လင်ဝင်းပတဲ့ မျက်နှာလေးကလည်း မြင်ရသူတိုင်း အချစ်ပိုစေမှာအမှန်ပါနော်...။ ဒါ့အပြင် ကံကော်ပန်းလေးကိုလည်း လက်ထဲမှာကိုင်ပြီး ပရိသတ်တွေချစ်သတ်ကြွေအောင် ဒီပုံလေးတွေနဲ့ ဖမ်းစားလိုက်ပြန်ပြီလည်းဖြစ်ပါတယ်။

Photo Credit - Ei Chaw Po
Photo Credit - Ei Chaw Po

တစ်မျိုးလေးလှသွေးကြွယ်နေပြီး ချစ်စရာကောင်းလွန်းနေတဲ့ အချစ်တော်လေး အိချောပို ရဲ့ပုံရိပ်လေးတွေကိုအသည်းလေးတွေပေးလိုက်ပါဦးနော်...။ ဒီပုံလေးတွေကို ချစ်တဲ့ပရိသတ်တွေရဲ့ ရင်ထဲမှာနေရာတစ်ခုရဖို့အတွက် သူမရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာဖော်ပြပေးထားပါသေးတယ်။ ကဲ...ပရိသတ်ကြီးရေ မင်းသမီးချောလေး အိချောပိုရဲ့ ချစ်စရာပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Ei Chaw Po

Source - Ei Chaw Po Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။