ပရိသတ်ကြီးရေ မင်းသမီးချောလေး အကယ်ဒမီမယ်လိုဒီကတော့ သားလေးတစ်ယောက်ကို မွေးဖွားထားပြီး ပျော်ရွှင်စရာမိသားစုဘဝလေးကိုတည်ဆောက်ထားတာဖြစ်ပါတယ်။သားလေးကလည်း ဉာဏ်ကောင်းထက်မြက်ထူးချွန်ပြီး လိမ္မာရေးခြားရှိတဲ့ကလေးလေးပါနော်။အခုဆိုရင်တော့ မယ်လိုဒီက သားလေးရဲ့(၅)နှစ်ပြည့်မွေးနေ့လေးကို အကျဉ်းရုံးလေးလုပ်ပေးပြီး သိဒ္ဓိစစ်လေးကိုအမှတ်တရတွေနဲ့‌ပျော်ရွှင်သွားအောင် ပြုလုပ်ပေးခဲ့တာဖြစ်ပါတယါ။

Photo Credit:Melody Myo's Facebook Account
Photo Credit:Melody Myo's Facebook Account
Photo Credit:Melody Myo's Facebook Account

မယ်လိုဒီကတော့"၅ နှစ်ပြည့်သွားပြီဖြစ်တဲ့ ကျွန်မရဲ့ ဘဝရှင်မင်းတရားကြီး သိဒ္ဓိစစ် လှပပြီးကားလေးတွေအများကြီးပါတဲ့ကိတ်ကိုလုပ်ပေးတဲ့တီတီThin Zar Aye Sweet Flour ကျေးဇူးအထူးတင်ပါတယ်ရှင်ကိတ်လေးကိုချစ်လို့ သားသားကမခွဲရက်ဘူးတဲ့ကားလေးတွေကိုလည်းသဘောတွေကျနေတာသားသား ၅နှစ်ပြည့်မွေးနေ့ကတော့ အမှတ်တရ မှတ်မှတ်ရရ ပါပဲမေမေ့သားလေး သိဒ္ဓိစစ်ကျွန်မသားလေး (သိဒ္ဓိစစ်)အတွက် နေ့တိုင်းဆုတောင်းပေးနေကျဆုတောင်းစကားလေး ထပ်ပြီး ဝေမျှပါရစေသားလေး သိဒ္ဓိစစ် သက်ရှည်ကျန်းမာ စိတ်ချမ်းသာ ကောင်းကျိုး လိုရာဆန္ဒ ပြည့်စုံပါစေ သားလေး သိဒ္ဓိစစ် ဘုရား တရား သံဃာ မိဘ ဆရာ တို့အားရိုသေလေးစားသော သူတော်ကောင်းလေးဖြစ်ပါစေ သားလေး သိဒ္ဓိစစ်မိဘ ဆရာသမားများ သွန်သင်ဆုံးမမူ့ကို နားလည်လွယ် နာခံလွယ် သင်ယူတတ်မြောက်လွယ်သော သူတော်ကောင်းလေး ဖြစ်ပါစေ

Photo Credit:Melody Myo's Facebook Account
Photo Credit:Melody Myo's Facebook Account

"အမှားအမှန်များကို ပညာဉာဏ်နှင့်ဆင်ခြင်နိုင်ပြီး အမှန်တရားဘက်မှာရပ်တည်တဲ့သူတော်ကောင်းလေးဖြစ်ပါစေ သားလေး သိဒ္ဓိစစ် ဘဝမှာ ဆရာကောင်း သမားကောင်း မိတ်ဆွေကောင်း အခြွေအရံကောင်း အတတ်ပညာကောင်း ရာထူးစည်းစိမ်ဥစ္စာကောင်း နေအိမ်ထိုင်ခင်းကောင်း ဇနီးမယားကောင်း အကောင်းဆုံးတွေ ပိုင်ဆိုင်နိုင်ပါစေဘဝမှာသူတော်ကောင်းများနှင့်သာတွေ့ဆုံနိုင်ပါစေမူးယစ်ဆေးဝါး ကင်းစင်ပါစေသူတစ်ပါးအခက်အခဲများကိုလည်းကောင်းတဲ့ဘက်ကနေကူညီဖြေရှင်းပေးနိုင်ပါစေဘုရားဒကာ ကျောင်းဒကာကြီးဖြစ်ပါစေသာသနာကိုအကျိုးပြုတဲ့ပုဂ္ဂိုလ်ထူးဖြစ်ပါစေစိတ်ရှိတိုင်း ဆန္ဒရှိတဲ့အတိုင်း လှူဒါန်းနိုင်ပါစေမေမေ့သားလေး သိဒ္ဓိစစ် သက်ရှည် ကျန်းမာ စိတ်ချမ်းသာ ကောင်းကျိုး လိုရာဆန္ဒ ပြည့်စုံပါစေအမေတွေရဲ့ဆုတောင်းမေတ္တာနှုတ်ထွက်စကားက သားသမီးအတွက် အလွန်တန်ဖိုးကြီးမားတယ်လို့ယုံကြည်ပါတယ်သားလေးသိဒ္ဓိစစ် ကိုဆုတောင်းပေးသလိုပဲ ၇ရက်သားသမီးတိုင်း ပြည့်စုံကြပါစေရှင်"ဆိုပြီး ရေးသားကာ သားလေးရဲ့အမှတ်တရပုံရိပ်လေးတွေကို မျှဝေလာတာဖြစ်ပါတယ်။

Photo Credit:Melody Myo's Facebook Account
Photo Credit:Melody Myo's Facebook Account
Photo Credit:Melody Myo's Facebook Account

Source&Photo Credit:Melody Myo's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။