ဂျပန် ဘောလုံး အဖွဲ့ချုပ် JFA ဥက္ကဌ ကိုဇိုတာရှီးမားသည် ပြီးခဲ့သည့် မတ်လ ၁၇ ရက်က စတင်၍ Covid19 ဗိုင်းရပ်စ် ကူးစက်ခံရပြီး နာမကျန်း ဖြစ်နေရာမှ ယခု ရက်ပိုင်းအတွင်း ပြန်လည် ပျောက်ကင်း သက်သာလာပြီဖြစ်ကြောင်း သိရပါတယ်။ 

ဂျပန် ဘောလုံးအဖွဲ့ချုပ် JFA ဥက္ကဋ္ဌ ကိုဇိုးတားရှီးမား က လက်ရှိမှာပြန်လည်ကောင်းမွန်လာကာ ကူးစက်ခံရတဲ့အချိန်က ဝိုင်းဝန်ကူညီကုသပေးခဲ့သော ဆရာဝန်များ နှင့် သူနာပြုများကိုလည်း ကျေးဇူးတင်ကြောင်းပြောကြားထားပါတယ်။

Photo Credit - U Zaw Zaw

" ပထမဦးဆုံး ပြောကြားလိုတာက ကျွန်တော် ဆေးကုသခံယူမှု ပြီးသွားခဲ့ပြီ ဖြစ်လို့ အားလုံးကို ကျေဇူးတင်ပါတယ်။ အခုခံစားခဲ့ရတာတွေ အားလုံး သက်သာပြီဖြစ်လို့ ကုသပေးခဲ့တဲ့ ဆရာဝန်တွေ သူနာပြုတွေနဲ့ ဝိုင်းဝန်းကူညီပေးခဲ့သူအားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ်။" ဟု တာရှီးမားက သတင်းမီဒီယာများအား ပြောကြားခဲ့ပါတယ်။အလားတူ ဝေဒနာခံစားရသည့်အချိန်တွင် အမြန်ဆုံး သက်သာပျောက်ကင်းရန် ဆုတောင်းပေးခဲ့သည့်

Photo Credit - U Zaw Zaw

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌနှင့် တာဝန်ရှိသူများကိုလည်း ကျေးဇူးတင်ရှိပါကြောင်း ၊ Virus ကူးစက်ခံထားရသူများ အနေဖြင့် ပြန်လည် သက်သာ ပျောက်ကင်းနိုင်ပါကြောင်းနှင့် စိုးရိမ်မှုမလွန်ကဲစေလိုကြောင်း၊ လူတိုင်း အာဟာရ ပြည့်စွာ စားသောက် ၍ လုံလောက်စွာ အိပ်စက်ရန် လိုပါကြောင်း၊ ကူးစက်ခံရမှု မရှိအောင် ဂရုပြုနေထိုင်စေလိုကြောင်း၊ တနေ့တွင် ကပ်ရောဂါ အန္တရာယ်လုံးဝ ပပျောက်သွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ထံဆက်သွယ်အကြောင်းကြားခဲ့ပါတယ်။

Photo Credit - U Zaw Zaw

Photo Credit - U Zaw Zaw

Souece - Myanmar Football Federation Facebook page  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။