မော်ဒယ်၊ သရုပ်ဆောင် မင်းသားချောလေး တိုင်ရွန်ကတော့ မိန်းကလေးတိုင်း အားကိုးချင်စရာကောင်းလောက်တဲ့ ဗလတောင့်တောင့်နဲ့ Body အချိုးအစားကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ တောင့်တင်းကျစ်လျစ်တဲ့ ကြွက်သားတွေနဲ့ အမိုက်စားတက်တူးတွေကတော့ တိုင်ရွန်ရဲ့ဆွဲဆောင်မှုအရှိဆုံးအချက်တွေပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း တိုင်ရွန်က မိန်းမလှလေးတွေ ဝိုင်းဝိုင်းလည်နေတဲ့အထိ သည်းသည်းလှုပ်အားပေးခြင်းခံနေရတာ ဖြစ်ပါတယ်။

Photo Credit : Tyron Bejay Facebook Account
Photo Credit : Tyron Bejay Facebook Account

အချိန်ကြာလာတာနဲ့အမျှ တစ်နေ့တစ်ခြား ပိုပိုပြီးအောင်မြင်ကျော်ကြားလာတဲ့ တိုင်ရွန်က နေ့တိုင်းမအားမလပ်နိုင်အောင် ရိုက်ကူးရေးတွေဆက်နေတာပဲ ဖြစ်ပါတယ်။ အလုပ်ကြိုးစားတဲ့ တိုင်ရွန်က သူရဲ့မိဘနှစ်ပါးအပေါ်မှာလည်း သိတတ်လိမ္မာတဲ့ သားလေးတစ်ယောက် ဖြစ်ပါတယ်။တိုင်ရွန်ကတော့ အမြဲလိုလို အနက်ရောင်ဖက်ရှင်တွေကိုသာ ဝတ်ဆင်လေ့ရှိသူလေးဖြစ်သလို လတ်တလောမှာတော့ Plank challenge လေးကိုအချိန်ကြာကြီးလုပ်ပြသွားတဲ့ ဗီဒီယိုလေးကိုဖော်ပြထားတာတွေ့ရပါတယ်။

Photo Credit : Tyron Bejay Facebook Account
Photo Credit : Tyron Bejay Facebook Account

အမြဲစမတ်ကျကာ ယောင်္ကျားပီသတဲ့ ဖက်ရှင်ဒီဇိုင်းပုံရိပ်တွေကြောင့် ဆယ်ကျော်သက် မိန်းကလေးတွေ ရဲ့ ချစ်ခင်အားပေးခြင်းခံနေရသူဖြစ်ပါတယ်။ကဲ..ချစ်ပရိတ်သတ်ကြီးတွက် တိုင်ရွန်ရဲ့ အမိုက်စား ဗီဒီယိုလေးကို ကြည့်ရူ့နိုင်စေရန်မျှဝေပေးလိုက်ပါတယ်။ရှေကဆက်ပြီးလည်း တိုင်ရွန်ရဲ့ အနုပညာအလုပ်တွေကို ဆက်လက်အားပေးလိုက်ပါအုံးနော်။

Photo Credit : Tyron Bejay Facebook Account
Photo Credit : Tyron Bejay Facebook Account

Source & Photo Credit : Tyron Bejay Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။