ချစ်ပရိသတ်ကြီးရေ ကိုရီးယားမင်းသားလေးလို ချောမောခန့်ညားပြီး ဖြူဝင်းလှပတဲ့ အသားအရည်လေးကို ပိုင်ဆိုင်ထားတဲ့ မော်ဒယ်လ်မင်သားချောလေးကတော့ မင်းသွေးခန့်ပဲ ဖြစ်ပါတယ်။

သူက music video တွေမှာ အများဆုံးပါဝင်သရုပ်ဆောင်ထားပြီး photo shooting အလန်းစားလေးတွေကိုလည်း ရိုက်ကူးတက်တာကြောင့် ပရိသတ်တွေ မှတ်မိနေပြီး အသည်းစွဲ အားပေးရတဲ့ မင်းသားတစ်ယောက်လည်း ဖြစ်နေပါပြီနော်...။ 

Photo Credit-Eaim Sett
Photo Credit-Eaim Sett

သူရဲ့ ဆွဲဆောင်မှုရှိတဲ့ အပြုံးလေးတွေနဲ့ ပြုံးလိုက်တိုင်းပေါ်လာတဲ့ ပါးချိိုင့်လေးတွေကြောင့် ဆယ်ကျော်သက်နှုတ်ခမ်းနီမလေးတွေရဲ့ အားပေးဝန်းရံခြင်းကို အပြည့်အဝရရှိထားတဲ့ သူလဲ ဖြစ်ပါတယ်။ မင်းသားချောလေး မင်းသွေးခန့်က လတ်တလောမှာ ကြော်ငြာတွေကို ရိုက်ကူးနေပြီး မဂ္ဂဇင်းကာဗာတွေကိုလည်း လက်ခံရိုက်ကူးပေးနေတာပဲ ဖြစ်ပါတယ်။ မကြာသေးမီအချိန်က သူရဲ့ ဖေ့ဘွတ်စာမျက်နှာမှာ စာအုပ်လေးကို ကိုင်ကာ ရိုးရိုးရှင်းရှင်းပုံစံလေးနဲ့ ဓာတ်ဖမ်းထားတဲ့ ပုံရိပ်လေးတွေကို တင်ပေးလါတာပဲ ဖြစ်ပါတယ်။ 

Photo Credit-Eaim Sett
Photo Credit-Eaim Sett
Photo Credit-Eaim Sett

ပုံလေးတွေတိုင်းက ချစ်စရာကောင်းတဲ့အပြင် "

Tell Me Everything You Don't Remember " ဆိုတဲ့ စာအုပ်နာမည်လေးကို ရေးသားထားတာပဲဖြစ်ပါတယ်။

ချစ်ပရိသတ်ကြီးအတွက် မင်းသားချောလေး မင်းသွေးခန့်ရဲ့ ပုံလေးတွေကြည့်ပြီး အချစ်ပိုမိစေရန်အတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်..။ သူရဲ့ ပုံရိပ်လေးတွေကိုကြည့်ပြီး အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့အုန်းနော်.....။ မင်းသွေးခန့် ရဲ့ ဆက်လက်လျှောက်လှမ်းမယ့်အနုပညာလှုပ်ရှားမှုတွေ ကို ချစ်ပရိသတ်ကြီး က အားပေးလိုက်ကြပါအုန်းနော်..... ။ 

Photo Credit-Eaim Sett
Photo Credit-Eaim Sett
Photo Credit-Eaim Sett

Photo Credit-Eaim Sett

Source-Min Thway Khant's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။