မင်းသမီးချောလေး နေခြည်ဦးကတော့ Beauty Blogger အဖြစ် အောင်မြင်မှုလမ်းကြောင်းပေါ်ကိုစတင်လျှောက်လှမ်းခဲ့တာ ဖြစ်ပါတယ် ။ လူငယ်ပရိသတ်တွေကြားမှာ အရမ်းကိုရေပန်းစားအောင်မြင်နေတဲ့ နေခြည်ဦးက နောက်ပိုင်းမှာတော့ သရုပ်ဆောင်အဖြစ်ပါ ရုပ််ရှင်ဇာတ်ကားတွေရိုက်ကူးလာခဲ့ရတာ ဖြစ်ပါတယ်။ နေခြည်ဦးက အလုပ်အပေါ်မှာ ကြိုးစားပမ်းစားလုပ်ကိုင်တတ်တာကြောင့် အခုလိုနာမည်ရအောင်မြင်လာတာပဲ ဖြစ်ပါတယ် ။

Photo Credit- Nay Chi Oo's FB Acc
Photo Credit- Nay Chi Oo's FB Acc
Photo Credit- Nay Chi Oo's FB Acc

လတ်တလောမှာတော့ နေခြည်ဦးက ကြော်ငြာနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေရသလို Makeup Tutorial ဗီဒီယိုလေးတွေကိုလည်း တင်ဆက်နေတာ ဖြစ်ပါတယ် ။ လူငယ်လေးတစ်ယောက်လို အမြဲတမ်းလွတ်လပ်ပျော်ရွှင်နေတဲ့ နေခြည်ဦးက သူမရဲ့လှုပ်ရှားမှုလေးတွေအားလုံးကို ချပြလေ့ရှိတာ ဖြစ်ပါတယ် ။ အခုလည်း နေခြည်ဦးက အမိုက်စားစတိုင်နဲ့ ရိုက်ကူးထားတဲ့ Tik Tok ဗီဒီယိုလေးကို တင်ထားပါတယ်။

Photo Credit- Nay Chi Oo's FB Acc
Photo Credit- Nay Chi Oo's FB Acc

ဒီဗီဒီယိုလေးမှာတော့ နေခြည်ဦးက DJ တစ်ယောက်လို ဟန်ပန်အပြည့်နဲ့ သီချင်းဖွင့်နေတဲ့ပုံစံမျိုးလုပ်ပြထားတာ ဖြစ်ပါတယ် ။ နေခြည်ဦး အလှပြင်ပစ္စည်းတွေကိုကိုင်ကာ DJing Skill တွေပြရင်း Tik Tok ကစားထားတာလည်း ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး နေခြည်ဦးရဲ့အမိုက်စား Tik Tok ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit- Nay Chi Oo's FB Acc

Photo Credit- Nay Chi Oo's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။