မင်းသမီးချောလေးနေခြည်ဦးကတော့ Beauty Blogger တစ်ယောက်ကနေ အနုပညာရှင်မင်းသမီးတစ်လက်အဖြစ်ကို တက်လှမ်းလာခဲ့တဲ့သူတစ်ဦးပဲဖြစ်ပါတယ်။ပရိသတ်တွေကလည်း သူမ မင်းသမီးမဖြစ်ခင်ကတည်းက အားပေးချစ်ခင်ခဲ့ကြတာဖြစ်လို့ အနုပညာအလုပ်တွေကိုတစိုက်မက်မက်လုပ်ကိုင်လာချိန်မှာလည်း ချီချီ့ကိုချစ်တဲ့ပရိသတ်တွေက တစ်ခဲနက်အားပေးဝန်းရံလာကြတာဖြစ်ပါတယ်နော်။

Photo Credit: beautybynaychi's Facebook page
Photo Credit: beautybynaychi's Facebook page

နေခြည်ဦးက ပွင့်ပွင့်လင်းလင်းလည်းရှိပြီး သွက်လက်ထက်မြက်လို့ မိန်းကလေးတွေတော်တော်များများက အားကျနေကြတာဖြစ်ပါတယ်။ချီချီက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ လျှောက်လှမ်းနေပြီး အောင်မြင်မှုတွေဆိုတာကလည်း ပြည်တွင်းမှာသာမကပြည်ပမှာပါ လူသိများလာတာဖြစ်ပါတယ်နော်။ချီချီ့ရဲ့ အနုပညာအရည်အသွေးတွေကလည်း ပရိသတ်တွေအားပေးရကျိုးနပ်လောက်အောင် အရမ်းကောင်းပါတယ်နော်။

Photo Credit: beautybynaychi's Facebook page
Photo Credit: beautybynaychi's Facebook page
Photo Credit: beautybynaychi's Facebook page

နေခြည်ဦးကတော့ သူမရဲ့အလှအပနဲ့ပတ်သက်ရင်လည်း ခေါင်းအစခြေအဆုံးကို ဂရုစိုက်စွာပြင်ဆင်ခြယ်သပြီး ခွဲစိတ်ကုသမှုတွေလည်းပြုလုပ်ခဲ့တာကြောင့် တစ်နေ့တစ်ခြားအရုပ်မလေးနဲ့တောင်ပိုပိုတူလာပါတယ်နော်။အခုဆိုရင်လည်း နေခြည်ဦးက မျက်နှာမှာ မိတ်ကပ်အပြည့်ခြယ်သထားပြီး ဘာဘီအရုပ်မလေးလို လှပနုပျိုနေတဲ့ပုံရိပ်လေးကို ပရိသတ်ကြီးအတွက် မျှဝေပေးလာတာဖြစ်ပါတယ်။

Photo Credit: beautybynaychi's Facebook page
Photo Credit: beautybynaychi's Facebook page

Source&Photo Credit: beautybynaychi's Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။