ဖခင်ဖြစ်သူ ဦးခင်လှိုင်ရဲ့အနုပညာအမွေတွေကို ဆက်ခံထားတဲ့ သမီးချောလေးကတော့ ပရိသတ်အချစ်တော် သဇင်ထူးမြင့်ပဲ ဖြစ်ပါတယ် ။ ရွှေကြိုမယ်လေးအဖြစ် အကယ်ဒမီဆုပေးပွဲမှာ စတင်ပါဝင်ခဲ့တဲ့ သဇင်ထူးမြင့် နောက်ပိုင်းမှာအနုပညာလောကထဲကို ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ် ။ အခုဆိုရင်တော့ သဇင်ထူးမြင့်က ကြော်ငြာနဲ့ဇာတ်လမ်းတွဲလေးတွေတောင် လက်ခံရိုက်ကူးနေရပြီ ဖြစ်ပါတယ် ။

Photo Credit-Thazin Htoo Myint's FB Acc
Photo Credit-Thazin Htoo Myint's FB Acc
Photo Credit-Thazin Htoo Myint's FB Acc

သဇင်ထူးမြင့်က မင်းသမီးချော အိချောပိုနဲ့လည်း "ဆုံစည်းခွင့်"ဆိုတဲ့ဇာတ်လမ်းတွဲလေးမှာ ပါဝင်သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ် ။ ငယ်ရွယ်လှပပြီး ချစ်စရာကောင်းတဲ့ သဇင်ထူးမြင့်ကိုတော့ ပရိသတ်တွေကလည်း ချစ်ခင်နေရတာ ဖြစ်ပါတယ် ။ ဒီနေ့မှာတော့ သဇင်ထူးမြင့်က သူမရဲ့ပရိသတ်တွေအတွက် ဗီဒီယိုဖိုင်လေးတစ်ခုကို မျှဝေပေးလိုက်တာ ဖြစ်ပါတယ် ။

Photo Credit-Thazin Htoo Myint's FB Acc
Photo Credit-Thazin Htoo Myint's FB Acc
Photo Credit-Thazin Htoo Myint's FB Acc

သဇင်ထူးမြင့်က "လွမ်းနေတယ်ဆိုလို့" ဆိုပြီး သူမကိုလွမ်းနေမယ့်ပရိသတ်တွေအတွက် ဗီဒီယိုလေးကိုတင်ပေးထားတာပဲ ဖြစ်ပါတယ်။ အရုပ်မလေးလိုချစ်စရာအပြင်အဆင်လေးနဲ့လှနေတဲ့ သဇင်ထူးမြင့်ကတော့ အသည်းယားစရာအပြုအမူလေးတွေနဲ့ ကြွေချင်စရာကောင်းနေတာလည်း ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး သဇင်ထူးမြင့်ရဲ့ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Thazin Htoo Myint's FB Acc

Photo Credit-Thazin Htoo Myint's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။