ချစ်ရတဲ့ မိသားစုကို အချိန်ပြည့် ပြုစုစောင့်ရှောက်ကာ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးလေးကို ရရှိပိုင်ဆိုင်ထားသူကတော့ ဝါရင့် သရုပ်ဆောင် မင်းသမီး နန္ဒာလှိုင်ပဲ ဖြစ်ပါတယ်။ သူမဟာ အနုပညာလောကမှ အနားယူလိုက်ပင်မယ့်လည်း ပရိသတ်တွေကတော့ ယနေ့ချိန်ထိတိုင်အောင်ကို နန္ဒာကို အားပေးချစ်ခင်နေကြဆဲပါပဲ ။ သူမရဲ့ သမီးလေးတွေဟာလည်း အမေရဲ့ အလှတွေကို အမွေရထားကြသူများဖြစ်ပြီး ပရိသတ်တွေကပါ ချစ်မ၀ ဖြစ်နေကြတာပါ။ 

Photo Credit- Nandar Hlaing’s Facebook Account
Photo Credit- Nandar Hlaing’s Facebook Account
Photo Credit- Nandar Hlaing’s Facebook Account

သမီး(၃)ယောက်လုံးဟာလည်း ပညာရေးမှာလည်း ထူးချွန်ထက်မြက်သူများဖြစ်ကြပြီး ချစ်စရာကောင်းလွန်းတာကြောင့်လည်း ပရိသတ်တွေကဝိုင်းချစ်နေရတာပါ။ လတ်တလောမှာတော့ ကျောင်းတွေပိတ်ထားတဲ့အတွက် ညီအစ်မသုံးယောက်လုံး အိမ်မှာနေကာ မိဘတွေနဲ့အတူ ပျော်ရွှင်စွာ နေထိုင်နေကြတာပဲ ဖြစ်ပါတယ်။ အခုမှာလည်း ကလေးသုံးယောက်ရဲ့ Tik Tok Video လေး တစ်ခု ကို ဝေမျှထားတာပဲ ဖြစ်ပါတယ်။

Photo Credit- Lolmadi12345’s Tik Tok Account
Photo Credit- Lolmadi12345’s Tik Tok Account
Photo Credit- Lolmadi12345’s Tik Tok Account

ဒါကတော့ သီချင်းလေးရဲ့နောက်ခံတီးလုံးအတိုင်းလိုက်ကနေကြတဲ့ နန္ဒာလှိုင်သမီးလေးသုံးယောက်ရဲ့ Tik Tok Video လေးပဲ ဖြစ်ပါတယ်။ သူတို့သုံးယောက်ရဲ့ Tik Tok Video လေးတွေဟာလည်း ပရိသတ်တွေကို တစ်မျိုးလေးအချစ်တွေ ပိုစေမှာ အသေချာပါပဲနော်။ ပရိသတ်တွေအတွက် နန္ဒာလှိုင်ရဲ့ သမီးလေး သုံးယောက်ရဲ့ Tik Tok Video လေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Credit- Nandar Hlaing’s Facebook Account and lolmadi12345’s Tik Tok Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။