ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ပေါ်တူဂီနိုင်ငံမှ ကျောက်တုံးအိမ်အကြောင်းကို ဗဟုသုတ ဖြစ်ဖွယ် မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ပေါ်တူဂီနိုင်ငံ မြောက်ပိုင်း၊ Celorico de Basto နှင့် Fafe အကြားတွင်တည်ရှိတဲ့ Casa do Penedo ကျောက်တုံးအိမ်ဟာ ၁၉၇၂ ခုနှစ်တွင် ၂နှစ်ကြာ တည်ဆောက်ခဲ့သော ကျောက်အိမ်ဖြစ်ပါတယ်။

photo credit pngtree

ထိုအိမ်ကို ကျောက်တုံးကြီးလေးတုံးဖြင့် တည်ဆောက် ထားကာ မူလပိုင်ရှင်များဟာ အားလပ်ရက်တွင် အပန်းဖြေ နားနေရန် ရည်ရွယ်ခဲ့ကြတာ ဖြစ်ပါတယ်။ ယခုအခါမှာတော့ ထိုကျောက် တုံးအိမ်ဟာ ရှေးဟောင်းပြတိုက်ငယ်တစ်ခု အသွင်တည်ရှိနေတာ ဖြစ်ပါတယ်။ ကျောက်တုံးအိမ်အနီးတွင် လေအား လျှပ်စစ်လုပ်ငန်း တည်ရှိနေသော်လည်း အိမ်တွင် လျှပ်စစ်မီးတော့မရှိပါဘူးနော်။ ကျောက်တုံးအိမ်ဟာ အမေရိကန် ပြည်ထောင်စု၊ ကာလီဖိုးနီးယားပြည်နယ်ရှိ Flintstones ဟု ထင်ရှားတဲ့ အမိုးခုံး အဆောက်အအုံနှင့် ဆင်တူတာ ဖြစ်ပါတယ်။

photo credit pngtree

ကျောက်တုံးများအကြားမှ အိမ်ကို ဆန်းပြားတဲ့ ဗိသုကာ ပုံစံဖြင့် တည်ဆောက်ထားသဖြင့် နာမည်ကြီးလာခဲ့တာပါ။ လက်သရမ်းသူအချို့က ယင်းကျောက်တုံးအိမ်ကို တိုက်ခိုက် ဖျက်ဆီးခဲ့သဖြင့် အိမ်၏ပြတင်းပေါက်များကို ကျည်ကာမှန်များဖြင့် ကာရံခဲ့ကာ စတီးလ်တံခါးတစ်ခုကိုလည်း တပ်ဆင်ခဲ့ပါတယ်။ အိမ်အတွင်းပိုင်းဟာ အလွန်နေချင့်စဖွယ်ကောင်းပြီး မီးလင်းဖိုအပါအဝင် လိုအပ်တဲ့ အသုံးအဆောင်များထည့်သွင်း ထားကာ ကျောက်ခေတ်ဟန် ခေတ်သစ်ဗိသုကာ လက်ရာအဖြစ် ထင်ရှားခဲ့ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။