ပရိသတ်ကြီးရေ အကယ်ဒမီမင်းသားချော မြင့်မြတ်ကတော့ ယောက်ျားလေးပရိသတ်တွေရော မိန်းကလေးပရိသတ်တွေပါ ဝန်းရံအားပေးကြတဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။ မြင့်မြတ်က ရုပ်ရှင်ဇာတ်ကားကြီးတွေကို ယခုနောက်ပိုင်းမှာ များစွာရိုက်ကူးလာပြီး သူ့ရဲ့ ဇာတ်ကားတွေကလည်း ပရိသတ်တွေများစွာ အားပေးရတဲ့ ဇာတ်ကားကောင်းတွေ ပဲဖြစ်ပါတယ်။ဒါ့အပြင် စိတ်သဘောထားကောင်းပြီး ပျော်ပျော်နေတတ်တဲ့ မြင့်မြတ်ရဲ့ပုံစံကြောင့်လည်း လူချစ်လူခင်ပေါများနေတာ ဖြစ်ပါတယ်။

Photo Credit - Myat Wai Tun
Photo Credit - Myat Wai Tun

သာယာစိုပြေတဲ့အိမ်ထောင်သည်ဘဝလေးကို ရရှိထားတဲ့ မြင့်မြတ်က သူ့ရဲ့မိသားစုအပေါ်မှာလည်း ဂရုစိုက်ကြင်နာတတ်တာကိုလည်းတွေ့ရပါတယ်။လက်ရှိမှာတော့ မြင့်မြတ်က ချစ်ရတဲ့ဇနီးချောလေးနဲ့အတူ အရမ်းကိုချစ်စရာကောင်းတဲ့ သားချောလေးတစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားရတာ ဖြစ်ပါတယ်။ ယခုမှာဆိုရင်လည်း လတ်တလောပြန့်ပွားကူးစက်နေတက်တဲ့ ရောဂါ ကပ်ဆိုးကြီးကြောင့် ဆင်းရဲနွမ်းပါးတဲ့ ပရိသတ်တွေအတွက် မိမိရဲ့ ချွေးနည်းစာလေးနဲ့ ဆန်အိတ်များ လှူဒါန်းမှုုပြုခဲ့ပါတယ်။

Photo Credit - Myat Wai Tun
Photo Credit - Myat Wai Tun

ဒီဆန်အိတ်တွကိုတော့ မြောက်ဒဂုံမြို့နယ် (၃၁) ရပ်ကွက် မှာသွားရောက်လှူဒါန်းတာလည်းဖြစ်ပါတယ်။ယခုလို တက်နိုင်သမျှ ချစ်တဲ့ပရိသတ်တွေကို တစ်ထောင့်တစ်နေရာကနေ ပါဝင်လှူဒါန်းပေးတဲ့ အကယ်ဒမီ မြင့်မြတ် နှင့် ဇနီးချောလေး မခင်သူအောင် သားလေးမြတ်သူ တို့ကို ပရိသတ်တွေက ဆုမွန်ကောင်းတောင်းပေးလိုက်ပါဦးနော်.....။ ကဲ...ချစ်ပရိသတ်ကြီးရေ ယခုမှာတော့ မင်းသားချောလေး မြင့်မြတ် ရဲ့ ဆန်အိတ် အလှူဒါန်းမှုပုံရိပ်တွေကိုပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Myat Wai Tun

Source- Myat Wai Tun Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။