အင်္ဂလန်နိုင်ငံ လန်ဒန်မြို့အခြစိုက် အသင်းကြီး၂သင်းဖြစ်တဲ့ ပရီးမီးယားလိဂ်ချန်ပီယံချယ်ဆီးအသင်း၏ နောက်တန်းတောင်ပံကစားသမား အယ်ဇူပလီကူတာ နဲ့ အင်္ဂလန်FAဖလားချန်ပီယံ အာဆင်နယ်အသင်း၏ နောက်တန်းတောင်ပံကစားသမား ဘယ်လာရင် တို့ကိုခေါ်ယူရန် စပိန်ထိပ်သီးကလပ် ဘာစီလိုနာအသင်း၏နည်းပြသစ် ဗန်ဗါဒီက မျက်စိကျလျက်ရှိသည်။

ချယ်ဆီးအသင်း၏ နောက်တန်းတောင်ပံကစားသမား အယ်ဇူပလီကူတာမှာ ယခုရာသီ ပရီးမီးယားလိဂ်တွင် နည်းပြကွန်တီ၏ချယ်ဆီးအသင်းအတွက် ပွဲချိန်ပြည့်ပါဝင်ကစားကာ ခြေစွမ်းအကောင်းဆုံးပြသထားပြီး ချယ်ဆီးအသင်းပရီးမီးယားလိဂ်ဖလားရရှိအောင် ကူညီပေးထားသည်။ ဒါ့အပြင် ဘာစီလိုနာအသင်း၏နည်းပြသစ် ဗန်ဗါဒီက ညာနောက်ခံလူနေရာအတွက် အာဆင်နယ်အသင်း၏ နောက်တန်းတောင်ပံကစားသမား ဘယ်လာရင်ကိုလဲ ပစ်မှတ်ထားနေသည်။

ယခုအခါ အသက်၂ရနှစ်ရှိပြီဖြစ်သော ချယ်ဆီးအသင်း၏ နောက်တန်းတောင်ပံကစားသမား အယ်ဇူပလီကူတာမှာ ၂၀၁၂ခုနှစ်က ပြောင်းရွှေ့ကြေး ပေါင်ရသန်းဖြင့် ချယ်ဆီးအသင်းသို့ ရောက်ရှိလာသူဖြစ်သည်။ သို့သော် အယ်ဇူပလီကူတာအနေနဲ့ ချယ်ဆီးအသင်းတွင်ပျော်ရွှင်နေပြီး ဘာစီလိုနာအသင်းတို့ပြောင်းရွှေ့နိုင်ဖွယ်မရှိကြောင်း အမာခံသတင်းအချို့က ပြောကြားရေးသားလျက်ရှိသည်။

Source-The Daily Mail

Hein 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။