ရီးရဲမက်ဒရစ်နဲ့ဂျူဗင်တပ်တို့ဗိုလ်လုမည့် ချန်ပီယံလိဂ်ဗိုလ်လုပွဲအတွက် စိတ်ဝင်စားဖွယ်အချက် တစ်ချို့ကိုဖော်ပြလိုက်ပါတယ်။

-ရီးရဲမက်ဒရစ်အသင်းအနေနဲ့ ချန်ပီယံလိဂ်ဂိုး၅ဝဝပြည့်ဖို့ ၁ဂိုးသာလိုတော့ပြီး ဂျူဗင်တပ်နဲ့ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ရီးရဲမက်ဒရစ်အသင်းဂိုးသွင်းနိုင်ခဲ့ပါက ချန်ပီယံလိဂ်ဂိုး၅ဝဝပြည့် ပထမဆုံးအသင်းဖြစ်လာမှာပါ။

-ဂျူဗင်တပ်အသင်းနောက်ခံလူ ဒန်နီအဲဗက်စ်အနေနဲ့ ရီးရဲမက်ဒရစ်အသင်းနဲ့ဗိုလ်လုပွဲမှာ ပါဝင်ခဲ့ပါက ချန်ပီယံလိဂ်ပွဲ ၁၀၀ ပြည့်မြောက်တဲ့ ကစားသမားဖြစ်လာပါတယ်။ 

-ဂျူဗင်တပ်အသင်းအနေနဲ့ ဒီရာသီ ချန်ပီယံလိဂ်ရှုံးပွဲလုံးဝမရှိတဲ့ တစ်သင်းတည်းသောအသင်းဖြစ်ပြီး ရီးရဲမက်ဒရစ်အသင်းကတော့ ဆီးမီးဖိုင်နယ်ဒုတိယကျော့မှာ အက်သလက်တီကိုမက်ဒရစ်တစ်သင်း ကိုသာရှုံးနိမ့်ထားပါတယ်။

-ချန်ပီယံလိဂ်လို့အမည်ပြောင်းလိုက်ကတည်းက အေစီမီလန်က ဗိုလ်လုပွဲ၆ခါအဖြစ်အများဆုံးကစားထားပြီး ယခု ရီးရဲမက်ဒရစ်နဲ့ဂျူဗင်တပ်တို့ကပါ ၆ခါမြောက် တက်လာတဲ့အသင်းများအဖြစ် စံချိန်တူသွားပါပြီ။ 

-ထိုသူတို့ကန်ခဲ့ဖူးသော ဗိုလ်လုပွဲ၅ခါတွင် ရီးရဲမက်ဒရစ်အသင်းက ၅ခါစလုံး အနိုင်ရကာ ဗိုလ်စွဲထားသော်လည်း ဂျူဗင်တပ်အသင်းကမှု ဗိုလ်လုပွဲ၁ပွဲသာအနိုင်ရပြီး ၄ပွဲရှုံးနိမ့်ထားသည်။

-ရီးရဲမက်ဒရစ်အသင်းအနေနဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် အနိုင်ရခဲ့ပါက ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် ၂နှစ်ဆက်ဗိုလ်ဆွဲသော ပထမဆုံးအသင်းဖြစ်လာမည်။

-မည်သည့်ကစားသမားမျှ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ယခုအချိန်ထိ ဟက်ထရစ် မသွင်းနိုင်သေးပေ။ ရီးရဲမက်ဒရစ်က ရော်နယ်ဒို၊ဂါရတ်ဘေးလ်နဲ့ဘန်ဇီမာတို့ ဟက်ထရစ်သွင်းနိုင်မလား ဂျူဗင်တပ်က ဟီဂူအင်နဲ့ဒီဘားလားတို့ ဟက်ထရစ်သွင်းနိုင်မလားဆိုတာ စောင့်ကြည့်စရာပင်။

Source-UEFA.com

Hein 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။