မန်ချက်စတာယူနိုင်တက်နဲ့ မန်ချက်စတာယူနိုင်တက်ရဲ့ပရိသတ်ကြီးကို အရမ်းလွှမ်းတယ်လို့ သရဲနီဟောင်း ရီးရဲမက်ဒရစ်တိုက်စစ်မှူး ပေါ်တူဂီအသင်းခေါင်းဆောင် ခရစ်စ်တီယာနိုရော်နယ်ဒိုက ပြောကြားလိုက်ပါတယ်။ မန်ချက်စတာယူနိုင်တက်ရဲ့ နံပါတ်ရပိုင်ရှင်ဟောင်းရော်နယ်ဒို က အင်တာဗျူးတစ်ခုမှာဖြေကြားခဲ့တာပါ။

ရီးရဲမက်ဒရစ်တိုက်စစ်မှူး ပေါ်တူဂီအသင်းခေါင်းဆောင် ခရစ်စ်တီယာနိုရော်နယ်ဒိုက အင်္ဂလန်နဲ့မန်ချက်စတာယူနိုင်တက်ကိုလွမ်းပြီး မန်ချက်စတာယူနိုင်တက်အသင်းပရိသတ်တွေက ရီးရဲမက်ဒရစ််အသင်းပရိသတ်တွေလို ကိုယ့်အသင်းကစားသမားတွေကို ပြန်လှောင်လေ့မရှိကြောင်း ထို့အပြင်ရီးရဲမက်ဒရစ််အသင်းပရိသတ်တွေလှောင်တာကိုလည်းမကြိုက်ကြောင်း ပြောကြားခဲ့ပါတယ်။

သို့သော် ရီးရဲမက်ဒရစ်တိုက်စစ်မှူးခရစ်စ်တီယာနိုရော်နယ်ဒိုက သူ့အနေဖြင့် စပိန်မှာ ပျော်ရွှင်နေသလို ထိုကဲ့သို့ မန်ချက်စတာယူနိုင်တက်နဲ့အင်္ဂလန်အကြောင်းပြောရတာကလည်း အမှတ်တရအခိုက်အတန့်တွေကိုသတိရသောကြောင့်ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ခရစ်စ်တီယာနိုရော်နယ်ဒိုက ရီးရဲမက်ဒရစ်အသင်းတွင် အသက်၄၁နှစ်ထိကစားလိုကြောင်းပါပြောဆိုခဲ့ပါတယ်။

Source-The Daily Mail Football

Hein 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။