ပရိသတ်ကြီးရေ စူပါမော်လ်ဒယ် သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ အောန်ဆိုင်း ကတော့ သွယ်လျကျစ်လျစ်တဲ့ ခန္ဓာကိုယ်အလှတရားတွေကြောင့် ပရိသတ်တွေအပြင် အနုပညာရှင်မောင်နှတွေက ချစ်ခင်အားကျရတဲ့ သူတစ်ဦးပဲဖြစ်ပါတယ်။ သူမက မော်လ်ဒယ်တစ်ယောက်အနေနဲ့ အနုပညာနယ်ပယ်ကိုစတင်ဝင်ရောက်ခဲ့ပြီး ယခုဆိုရင် ကြော်ငြာတွေအပြင် ရှပ်ရှင်ဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်နေပြီလည်းဖြစ်ပါတယ်။ ဒါ့အပြင် အောန်ဆိုင်း က တိုင်းရင်းသူလေးတစ်ယောက်ဖြစ်တာကြောင့် စကားပြောရင်လည်း ပွင့်ပွင့်လင်းလင်း ရှိပြီး စကားပြောပြတ်သားတဲ့ သူလေးပဲဖြစ်တယ်။

Photo Credit - Zicky Le
Photo Credit - Zicky Le

အောန်ဆိုင်း ကတော့ အရပ်ရှည်ပြီး ထူးခြားလှတဲ့ ပင်ကိုယ်အလှတရားတွေကြောင့် ဝတ်စားဆင်ယဉ်မှုတွေမှာ ခေတ်ပေါ်အမိုက်စားဖက်ရှင်တွေကို လိုက်ဖက်ညီညီ ဝတ်ဆင်တက်တဲ့သူပဲဖြစ်ပါတယ်။ ယခုတစ်ခါမှာလည်း လတ်တလောကူးစက်ပြန့်ပွားနေတဲ့ ကပ်ရောဂါ ဆိုးကြီးကြောင့် အိမ်ထဲမှာနေရင်း ချစ်တဲ့ ပရိသတ်တွေ အလွမ်းပြေဖြစ်အောင် ခမ်မိုက်မိုက်ပုံစံလေးတွေနဲ့ ဓာတ်ဖမ်းထားတဲ့ ပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။

Photo Credit - Zicky Le
Photo Credit - Zicky Le

ဒီပုံလေးတွေထဲမှာတော့ အောန်ဆိုင်းက အဖြူရောင်အကျီၤလေးကို အထာကျကျ ဝတ်ပြီး ဆွဲဆောင်မှုရှိတဲ့ အကြည့်စူးစူးလေးတွေနဲ့ညို့အားပြင်းပြင်း ဖမ်းစားထားတာဖြစ်ပါတယ်။ တစ်မျိုးလေးလှသွေးကြွယ်နေသလို ပျိုမြစ်နုနယ်နေတဲ့ ခန္ဓာကိုယ်ကောက်ကြောင်း လေးတွေကလည်း မြင်မိသူတိုင်း ရင်ခုန်သွားစေလောက်ပါတယ်နော်..။ ပရိသတ်ကြီးလည်း စူပါမော်လ်ဒယ်လေး အောန်ဆိုင်း ရဲ့ အရမ်းမိမိုက်နေတဲ့ အမိုက်စားပုံရိပ်လေးတွေကို သဘောကျကြိုက်နှစ်သတ်မယ်လို့မျှော်လင့်မိပါတယ်။

Photo Credit - Zicky Le
Photo Credit - Zicky Le

Photo Credit - Zicky Le

Source- Awn Seng- Elizabeth Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။