ချစ်ပရိသတ်ကြီးရေ သရုပ်ဆောင်မင်းသမီးချောလေး နန်းရွှေအေးကတော့ Miss Universe Myanmar 2017 ပြိုင်ပွဲကြီးမှာ မန္တလေးမြို့ရဲ့ ကိုယ်စားပြု အလှမယ်တစ်ယောက်အဖြစ် ပါဝင်ယှဉ်ပြိုင် ခဲ့ပြီး အနုပညာလောကထဲကို စတင်ဝင်ရောက်လာခဲ့သူလေးပဲ ဖြစ်ပါတယ်။ သူမကို ပရိသတ်တွေက ချစ်စနိုးနဲ့ ဟန်လေးလို့ ခေါ်ဆိုကြတာလည်း ဖြစ်ပါတယ်။ ဟန်လေးက ရိုးရှင်းလှပတဲ့ မျက်နှာလေးအပြင် ဖြူဝင်းလှပတဲ့ အသားအရည်လေးကို ပိုင်ဆိုင်ထားကာ မြင်သူတကာငေးမောရလောက်တဲ့ သူဖြစ်တာကြောင့် ပုရိသယောကျာ်းလေးပရိသတ်တွေရဲ့ အားပေးဝန်းရံခြင်းကို အများဆုံးရရှိထားသူလည်းဖြစ်ပါတယ်။

Photo credit - Nan Shwe Aye's fb account
Photo credit - Nan Shwe Aye's fb account
Photo credit - Nan Shwe Aye's fb account

သူမကတော့ အလှမယ်တစ်ယောက်ဖြစ်သည်အလျောက် အမြဲတမ်း တက်ကြွလန်းဆန်းပြီး ကိုယ်ကိုယ့်ကို ယုံကြည်မှုအပြည့်နဲ့ လှနေတဲ့ မော်ဒယ်မလေးပဲ ဖြစ်တာကြောင့် ပရိသတ်တွေက အချစ်ပိုနေကြတာပဲဖြစ်ပါတယ်။

သူမက အခုနောက်ပိုင်းမှာ မဂ္ဂဇင်းကာဗာဓာတ်ပုံလေးတွေ ကြော်ငြာဗီဒီယိုလေးတွေကို ပါဝင်ရိုက်ကူးလာကာ လူသိများလာတဲ့ အလှမယ်လေးတစ်ဦးဆိုရင်လည်း မမှားနိုင်ပါဘူးနော်..... ။

Photo credit - Nan Shwe Aye's fb account
Photo credit - Nan Shwe Aye's fb account

ဟန်လေးက မကြာသေးမီအချိန်က သူမရဲ့ ဖေ့ဘွတ်စာမျက်နှာမှာ " အိမ်မှာပဲ တစ်နေ့သာ ခလေးတွေနဲ့ ဖြတ်သန်းရင်း " ဆိုတဲ့ စာသားလေးနဲ့အတူ ချစ်စရာ​ကောင်းတဲ့ ခွေးလေးတွေနဲ့အတူ ဓာတ်ဖမ်းထားတဲ့ သူမရဲ့ ပုံရိပ်လေးတွေကို တင်ပေးလါတာပဲ ဖြစ်ပါတယ်။

ကဲ ချစ်ပရိသတ်ကြီးလည်း မော်ဒယ်လ် မင်းသမီးချောလေး နန်းရွှေအေးရဲ့ ပုံလေးတွေကို ကြည့်ရင်း အချစ်ပိုမိစေမှာ အသေအချာပဲမို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..... ။

Photo credit - Nan Shwe Aye's fb account
Photo credit - Nan Shwe Aye's fb account
Photo credit - Nan Shwe Aye's fb account

Source & Photo credit - Nan Shwe Aye's fb account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။