ပွင့်လင်းစွာပြုမူဆက်ဆံတတ်တာလေးတွေကြောင့် ပရိသတ်တွေချစ်မဝဖြစ်နေရသူလေးကတော့ သရုပ်ဆောင် မင်းသမီးချောလေး နေခြည်ဦးပါ။ ချီချီဟာ Beauty Blogger လောကမှတစ်ဆင့် အနုပညာလောကထဲကို ​ရောက်ရှိလာသူပါ။ အခုချိန်မှာတော့ ရုပ်ရှင်ဇာတ်ကားတွေမနားတမ်းရိုက်ကူးနေရတဲ့ မင်းသမီးလေးတစ်ယောက်အဖြစ် ရပ်တည်နေပါပြီ။ 

Photo Credit- Nay Chi Oo’s Facebook Account
Photo Credit- Nay Chi Oo’s Facebook Account
Photo Credit- Nay Chi Oo’s Facebook Account

အဘက်ဘက်မှာတော်လွန်းတဲ့သူ့ရဲ့ကြိုးစားမှုစိတ်ဓာတ်လေးတွေကတော့ပရိသတ်တွေအားကျအတုယူစရာပါပဲနော်။ ချီချီကတော့ပရိသတ်တွေကိုလှစေချင်ရုံသာမကသူမကိုယ်တိုင်လည်းအလှဆုံးနေထိုင်တက်တဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။ လတ်တလောမှာတော့ မိသားစုနဲ့အတူ အိမ်မှာနေထိုင်လျက်ရှိနေပြီး ပရိသတ်တွေ မပျင်းရအောင် Tik Tok Video လေးတွေဆော့ကစားနေတာပဲ ဖြစ်ပါတယ်။

Photo Credit- Nay Chi Oo’s Facebook Account
Photo Credit- Nay Chi Oo’s Tik Tok Account
Photo Credit- Nay Chi Oo’s Tik Tok Account

အခုမှာလည်း သူမရဲ့ Tik Tok အကောင့်လေးမှာ ဗီဒီယိုလေးတွေ တင်ထားပြန်ပါပြီ။ ဒါကတော့ ဆွဲဆောင်မှုရှိရှိ မတူညီတဲ့ပုံစံနှစ်မျိုးသရုပ်ဆောင်ထားကာTik Tok လေးကစားထားတဲ့ ချီချီရဲ့ Video လေးပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ချီချီရဲ့ Tik Tok Video လေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Credit- Nay Chi Oo’s Facebook Account and Tik Tok Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။