ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ အံ့အားသင့်ဖွယ်ကောင်းတဲ့ အမေရိကန်နိုင်ငံက ပန်းချီပြခန်းအိမ်အကြောင်းကို ဗဟုသုတ ဖြစ်ဖွယ်မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာပါ။ လတ်တလော အနုပညာလှုပ်ရှားမှု၊ ဗဟုသုတ သတင်းစုံလင်ကို တင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားဖို့မမေ့ပါနဲ့ဦးနော်။

photo credit pngtree

အမေရိကန်နိုင်ငံ၊ လော့အိန်ဂျယ်၊ အနောက်ပိုင်းအာဒမ်ခရိုင်ရှိ ပြိုလဲကျလုနီး အိမ်အိုကြီးတစ်လုံးတွင် တစ်ညတာပန်းချီပြပွဲ တစ်ခုကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလတွင် ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ နယူးယောက်မြို့မှ ပန်းချီသမား ဟန်စကီနှင့် အခြားပန်းချီသမား ၄၀ တို့ဟာ စွန့်ပစ်ထားတဲ့ အိမ်အိုကြီးတစ်ခုမှာ ပန်းချီပြပွဲ ပြုလုပ်ခဲ့ရာ အသက်ရှူမှားမတတ် ရင်မောခဲ့ကြရတာဖြစ်ပါတယ်။

photo credit pngtree

ထိုအိမ်အိုကြီးဟာ ၁၉၁၁ ခုနှစ်တွင်ဆောက်လုပ်ခဲ့တဲ့ သက်တမ်းရာကျော် အိမ်ကြီးဖြစ်ပြီးဒေါ်လာကိုးသိန်းဖြင့် ရောင်းချ ရန် ဈေးခေါ်ထားတာ ဖြစ်ပါတယ်။ ပန်းချီဆရာတစ်စုဟာ အိမ်အိုကြီးပေါ်တွင် ပန်းချီကားများပြသနိုင်ရန် လဲပြိုလုနီးပါးဖြစ်နေတဲ့ အိမ်ကြီးရဲ့ နေရာတိုင်းကို ပစ္စည်းအသစ်များဖြင့် အစားထိုးကာ တစ်ညတာ အလုပ်လုပ်နိုင်ရန် ဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။