ပရိသတ်ကြီးရေ အဆိုတော်သရုပ်ဆောင်ချစ်သုဝေနဲ့ အဆိုတော်လင်းလင်းတို့ ဇနီးမောင်နှံနှစ်ယောက်ကတော့ ချစ်စရာသမီးလေးတွေနဲ့အတူ ပျော်ရွှင်စရာမိသားစုဘဝလေးကို တည်ဆောက်ထားတာဖြစ်ပါတယ်။ချစ်သုဝေက သမီးလေးတွေမွေးဖွားပြီးနောက်ပိုင်းမှာ အနုပညာအလုပ်တွေကိုအနည်းအကျဉ်းလုပ်ဆောင်နေပေမယ့် ဇာတ်ကားတွေမရိုက်တော့တာ နှစ်တွေအများကြီးကြာမြင့်နေပါပြီနော်။

Photo Credit:Chit Thu Wai's Facebook Account &ခေတ်သစ်ဖောင်ဒေးရှင်း Page

ချစ်သုဝေတို့ဇနီးမောင်နှံနှစ်ယောက်က‌ ခေတ်သစ်ဖောင်ဒေးရှင်းကိုလည်း တည်ထောင်ထားကြပြီး လိုအပ်တဲ့သူတွေအတွက်အကူအညီပေးနေကြတာဖြစ်ပါတယ်။ပရိသတ်တွေကလည်း သူတို့ဇနီးမောင်နှံနှစ်ယောက်ရဲ့ စိတ်ထားလေးတွေကို ချစ်ကြပြီး သူတို့မိသားစုလေးရဲ့လှုပ်ရှားမှုပုံရိပ်လေးတွေကို စောင့်ကြည့်အားပေးနေကြတာဖြစ်ပါတယ်။ချစ်သုဝေကတော့ လတ်တလောမှာဆိုရင် Covid19ကြောင့် သမီးလေးတွေနဲ့အတူ အိမ်ထဲမှာပဲနေထိုင်နေတာပါနော်။

Photo Credit:Chit Thu Wai's Facebook Account &ခေတ်သစ်ဖောင်ဒေးရှင်း Page
Photo Credit:Chit Thu Wai's Facebook Account &ခေတ်သစ်ဖောင်ဒေးရှင်း Page
Photo Credit:Chit Thu Wai's Facebook Account &ခေတ်သစ်ဖောင်ဒေးရှင်း Page
Photo Credit:Chit Thu Wai's Facebook Account &ခေတ်သစ်ဖောင်ဒေးရှင်း Page
Photo Credit:Chit Thu Wai's Facebook Account &ခေတ်သစ်ဖောင်ဒေးရှင်း Page

အခုဆိုရင်တော့ ချစ်သုဝေတို့ ခေတ်သစ်ဖောင်ဒေးရှင်းက Clean Yangonနဲ့ပူးပေါင်းပြီး တောင်ဒဂုံမြို့နယ်နဲ့ဒဂုံဆိပ်ကမ်းမြို့နယ်များရှိ နွမ်းပါးပြည်သူတွေအတွက် စားနပ်ရိက္ခာများကို ကိုယ်တိုင်လိုက်လံဝေငှပေးနေတာဖြစ်ပါတယ်။ချစ်သုဝေကတော့"သူတို့​လေး​တွေနဲ့​တွေ့ရတာ စကား​တွေ​ပြောခွင့်ရတာ ကူညီနိုင်တာ​တွေ​ပြောပြကူညီခွင့်ရတာ ​ရှေ့ဆက်ဘာ​တွေလုပ်​ပေးနိုင်မလဲဆိုတာ​တွေအထိ အ​တွေး​တွေအများကြီးရခဲ့တယ်...ဒီ​နေ့ အိမ်ပြင်ထွက်ရကျိုးနပ်ခဲ့တယ်ဘဝအ​​ခြေအ​နေများစွာကိုမြင်​တွေ့ခံစားရတာ ရင်ထဲတစ်ဆို့နေရောပါပဲ"ဆိုပြီး ပုံရိပ်လေးတွေကို မျှဝေလာတာဖြစ်ပါတယ်နော်။

Photo Credit:Chit Thu Wai's Facebook Account &ခေတ်သစ်ဖောင်ဒေးရှင်း Page
Photo Credit:Chit Thu Wai's Facebook Account &ခေတ်သစ်ဖောင်ဒေးရှင်း Page
Photo Credit:Chit Thu Wai's Facebook Account &ခေတ်သစ်ဖောင်ဒေးရှင်း Page
Photo Credit:Chit Thu Wai's Facebook Account &ခေတ်သစ်ဖောင်ဒေးရှင်း Page
Photo Credit:Chit Thu Wai's Facebook Account &ခေတ်သစ်ဖောင်ဒေးရှင်း Page

Source&Photo Credit:Chit Thu Wai's Facebook Account &

ခေတ်သစ်ဖောင်ဒေးရှင်း Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။