ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ရရှိပိုင်ဆိုင်ထားသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး သဉ္ဇာနွယ်ဝင်းပဲ ဖြစ်ပါတယ်။ သူမဟာ အနုပညာလောကမှ အနားယူလိုက်သော်လည်း ပရိသတ်တွေကတော့ ယနေ့ချိန်ထိတိုင်အောင် အားပေးချစ်ခင်နေကြတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း သဉ္ဇာကိုသာမကဘဲ သူမရဲ့ ကလေးတွေကိုပါ ချစ်မဝဖြစ်နေကြတာပါ။

Photo Credit- Thinzar Nwe Win’s Facebook Account
Photo Credit- Thinzar Nwe Win’s Facebook Account
Photo Credit- Thinzar Nwe Win’s Facebook Account

သဉ္ဇာဟာ သားနဲ့ သမီးကို အရိပ်တကြည့်ကြည့်နဲ့ လိုလေသေးမရှိအောင် ပြုစုဂရုစိုက်နေတဲ့ မိခင်ကောင်းတစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း သူမရဲ့ ချစ်ခင်ပွန်းက တစ်နေ့ထက်တစ်နေ့ အချစ်တွေပိုပိုတိုးကာ တန်ဖိုးထားနေတာလည်း ဖြစ်ပါတယ်။ မနေ့ညကလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဗီဒီယိုလေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။

Photo Credit- Thinzar Nwe Win’s Facebook Account
Photo Credit- Thinzar Nwe Win’s Facebook Account
Photo Credit- Thinzar Nwe Win’s Facebook Account

ဒါကတော့ သူမရဲ့ မွေးနေ့အတွက် ချစ်ခင်ပွန်းက မွေးနေ့ကိတ်လေးလုပ်ပေးထားတာပဲ ဖြစ်ပြီး " thank you so much pa pa “ ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပါတယ်။ သဉ္ဇာဟာ သူမရဲ့ မိသားစုလေးနဲ့အတူ အမြဲကြည်နူးပျော်ရွှင်နေတဲ့ပုံရိပ်လေးတွေဟာလည်း ပရိသတ်တွေကိုအပျော်တွေ ပြန်လည်ကူးစက်စေတာပါ။ ပရိသတ်ကြီးအတွက် မွေးနေ့မှာချစ်ခင်ပွန်းရဲ့ Birthday Surprise ကြောင့်ကြည်နူးပျော်ရွှင်ခဲ့ရတဲ့ သဉ္ဇာနွယ်ဝင်းရဲ့ Video လေးကို တင်ဆက်ပေးလိုက်ရပါတယ်နော်။

Source and Photo Credit- Thinzar Nwe Win’s Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။