ပရိသတ်ကြီးရေ ဇာတ်ပို့သရုပ်ဆောင် ဒါရိုက်တာ ကိုပေါက် ကတော့ အနုပညာလောကမှာ အကောင်းဆုံး အောင်မြင်မှုတွေကို ရယူပြီး နေရာတစ်ခုကိုအခိုင်မာရပ်တည်ထားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ ဇာတ်ပို့သရုပ်ဆောင်တစ်ယောက်အနေနဲ့ အနုပညာနယ်ပယ်ကို စတင်ဝင်ရောက်ခဲ့ကာ ယခုဆိုရင် ဒါရိုက်တာ တစ်ယောက်အနေဖြင့် ရုပ်ရှင်ဇာတ်ကားကောင်းတွေကို ဖန်တီးရိုက်ကူးနေပြီလည်းဖြစ်ပါတယ်။ သူ့ရဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကလည်း ပရိသတ်တွေ အကြိုက်တွေ့စေခဲ့တဲ့ ဇာတ်ကားကောင်းတွေပဲဖစ်ခဲ့ပါတယ်။

Photo Credit - Aung Min Naing
Photo Credit - Aung Min Naing

ဒါ့အပြင် သာယာပျော်ရွှင်တဲ့ မိသားစုလေး အပြင် ချစ်စရာကောင်းတဲ့ ဇနီးချောလေးကိုလည်း ရရှိထားတဲ့ အနုပညာရှင်တစ်ဦးပဲဖြစ်ပါတယ်။ ယခုမှာဆိုရင် ဒါရိုက်တာကိုပေါက် တို့ ဇနီးမောင်နှံ တွေကတော့ ဧပြီလ ၇ ရက်နေ့က မင်္ဂလာနှစ်ပတ်လည် ၁၃ နှစ်ပြည့်သွားပြီလည်းဖြစ်ပါတယ်။ မင်္ဂလာနှစ်ပတ်လည် ၁၃ နှစ်ပြည့်တဲ့ နေ့မှာပဲ ပရိသတ်တွေမမြင်ဖူးသေးတယ် အရင်က မင်္ဂလာရှိတဲ့ ပံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။

Photo Credit - Aung Min Naing
Photo Credit - Aung Min Naing

ဒီပုံလေးတွေကလည်း တကယ့်ကို ကြည်နူးစရာကောင်းတဲ့ ပုံရိပ်လေးတွေပဲဖြစ်ပါတယ်။ ဒီပုံလေးတွေနဲ့လည်း ဒါရိုက်တာကိုပေါက် က " လွန်ခဲ့သော ၁၃ နှစ်ကသူတို့၂ယောက်ဟာ အချစ်တစ်ခုတည်းကိုဦးတည်ပြီး ဒီအချိန် မန်လေးမှာ လက်ထပ်ခဲ့ကြတယ်.....၁၃ နှစ်ပြည့်မဂ်လာနှစ်ပတ်လည်....ရန်ဖြစ်လိုက် ပြန်ချစ်လိုက် ဆိုးလိုက် ကောင်းလိုက်တွေ ကြားကနေအခုထိ အနားမှာချစ်ပေးနေလို့ အရမ်းမြတ်နိုးရပါတယ် ချစ်သူ..." ဆိုပြီး ရေးသားဖော်ပြပေးထားပါသေးတယ်။ ပရိသတ်ကြီးကလည်း မင်္ဂလာနှစ်ပတ်လည် ၁၃ နှစ်ပြည့်သွားပြီးဖြစ်တဲ့ ဒါရိုက်တာကိုပေါက် တို့ကို မင်္ဂလာရှိတဲ့ဆုမွန်ကောင်းတောင်းပေးလိုက်ပါဦး။

Photo Credit - Aung Min Naing

Photo Credit - Aung Min Naing

Source- Aung Min Naing Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။