သုံးထပ်ကွမ်းအကယ်ဒမီဆုရှင်ဖွေးဖွေးကတော့ မြန်မာပြည်ရဲ့ထိပ်တန်းမင်းသမီးစာရင်းဝင်တဲ့သူဖြစ်ပြီး ပရိသတ်အများအပြားကိုလည်း ပိုင်ဆိုင်ထားတဲ့အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ဖွေးဖွေးက ရုပ်ရှင်ဇာတ်ကားကြီးတွေအများအပြားကိုလည်း ရိုက်ကူးထားပြီး သူမရဲ့ရုပ်ရှင်ကားမှန်သမျှကို ပရိသတ်တွေကလည်း တစ်ခဲနက်ဝန်းရံအားပေးကြတာဖြစ်ပါတယ်။

Photo Credit:Phway Phway's Facebook page
Photo Credit:Phway Phway's Facebook page

ဖွေးဖွေးက အသက်(၃၁)နှစ်အရွယ်ကိုရောက်ရှိနေပေမယ့် ဆယ်ကျော်သက်အရွယ်လေးလို နုပျိုလန်းဆန်းနေဆဲဖြစ်ပြီး ကလေးမျက်နှာလေးကိုပိုင်ဆိုင်ထားတာပါ။နုဖတ်ပျိုမျစ်နေတဲ့အသားအရည်လေးကလည်း ခေါင်းအစခြေအဆုံးကို ထိရက်စရာမရှိလောက်အောင် ဖြူဖွေးဥနေတာပဲဖြစ်ပါတယ်နော်။ဖွေးစိန်လေးကတော့ တစ်နေ့တစ်ခြားပိုပိုချစ်ဖို့ကောင်းလာပြီး အသက်ကြီးလာတယ်လို့တောင် မထင်ရပါဘူးနော်။

Photo Credit:Phway Phway's Facebook page
Photo Credit:Phway Phway's Facebook page
Photo Credit:Phway Phway's Facebook page

ဖွေးစိန်လေးကတော့ လတ်တလောမှာဆိုရင် အနုပညာအလုပ်တွေကိုရပ်နားထားပြီး အိမ်ထဲမှာပဲနေထိုင်နေတာဖြစ်ပါတယ်။ဖွေးဖွေးကတော့ အိမ်ထဲမှာနေပေမယ့်လည်း ပရိသတ်တွေမပျင်းရလေအောင်အမျိုးမျိုးဖျော်ဖြေနေတာဖြစ်ပါတယ်။အခုဆိုရင်လည်း အမိုက်စားကကွက်တွေနဲ့ Tiktokကစားထားတဲ့ ဖွေးစိန်လေးရဲ့ချစ်စရာဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Phway Phway's Facebook page
Photo Credit:Phway Phway's Facebook page

Source&Photo Credit:Phway Phway's Facebook page

Video Credit:Shweyeekooo's Tiktok Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။