ပရိသတ်ကြီးရေ သရုပ်ဆောင်မင်းသမီးချောလေး ခြူးလေးဟာ MRTV-4ဇာတ်လမ်းတွဲတွေမှာ စတင်သရုပ်ဆောင်ရင်း ကျရာဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင်ချက်တွေနဲ့ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကို သိမ်းပိုက်ထားနိုင်ခဲ့တဲ့ သူပဲဖြစ်ပါတယ်။ သူမက ချစ်စရာကောင်းတဲ့ ဟန်ပန်လေးတွေနဲ့ ပွင့်လင်းတဲ့ စကားအပြောအဆိုလေးတွေအပြင် မျက်နှာလေးကလည်း ပြစ်ချက်မရှိလှပလွန်းတာကြောင့် ပုရိသယောကျာ်းလေးပရိသတ်တွေရဲ့ အသည်းစွဲ အားပေးရတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။

Photo credit - Chue Lay's facebook account
Photo credit - Chue Lay's facebook account

ခြူးလေးက အမြဲပျော်ပျော်ရွှင်ရွှင် နေတက်ပြီး ကလေးလေးတစ်ယောက်လိုလည်း လွတ်လပ်ပေါ့ပါးစွာ နေထိုင်တက်တဲ့သူလေးဖြစ်တာကြောင့် ပရိသတ်တွေက အချစ်ပိုနေကြတာပဲဖြစ်ပါတယ်။ သူမက လတ်တလောမှာ အနုပညာလှုပ်ရှားမှုတွေကိုရပ်ဆိုင်းထားပြီး အိမ်မှာပဲ မိသားစုတွေနဲ့အတူ

ပျော်ပျော်ရွှင်ရွှင်နဲ့ နေထိုင်နေတာပဲဖြစ်ပါတယ်။ အိမ်မှာနေရင်း ပရိသတ်တွေအလွမ်းပြေစေရန်အတွက် ဟာသ Tik Tok Videoလေးတွေကိုလည်း အပျော်ရိုက်ကူးရင်း တင်ပေးလေ့ရှိတာလည်းဖြစ်ပါတယ်။

Photo credit - Chue Lay's facebook account

ဒါ့အပြင် ချစ်စရာကောင်းတဲ့ သူမရဲ့ ပုံလေးတွေကိုလည်း တင်ပေးလေ့ရှိနေတာလည်းဖြစ်ပါတယ်။ မကြာသေးမီက သူမရဲ့ ဖေ့ဘွတ်စာမျက်နှာ လှပတဲ့ မြန်မာဝတ်စုံလေးကို ဝတ်ဆင်ရင်း ဓာတ်ဖမ်းထားတဲ့ ပုံလေးတွေကို တင်ပေးလါတာကြောင့် ချစ်ပရိသတ်ကြီးကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်... ။ သူမရဲ့ ပုံလေးတွေကို ကြည့်ပြီး အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့အုန်းနော်..... ။

Photo credit - Chue Lay's facebook account

Source & Photo credit - Chue Lay's facebook account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။