ဘဝမှာ ယုံကြည်မှုဆိုတာ လူတစ်ယောက်အတွက် အရမ်းကို အဓိကကျတဲ့အချက်ပါ။ မိမိရဲ့ အရည်အချင်း ကိုယ်စွမ်းကိုယ်စတွေကို မိမိကိုယ်တိုင်မှ ယုံကြည်မှုမရှိရင် တခြားလူတွေကလည်း ဘယ်ယုံကြည်မလဲ။

ယုံကြည်မှုရှိတယ်ဆိုတာ ဘဝင်မြင့်သွားတာကိုမဆိုလိုပါဘူး ၊ ကိုယ်တိုင်လည်း ယုံကြည်မှုရှိမှ မိမိပတ်ဝန်းကျင် ၊ လုပ်ငန်းခွင်ထဲမှာ အခြားလူများရဲ့ လေးစားယုံကြည်မှုတွေပါရရှိလာမှာပါ။ ဒါ့ကြောင့် အမြဲတမ်းကိုယ့်ဘဝကို သိမ်ငယ်တာ အားလျော့တဲ့အတွေးတွေကို အခုကစပြီး မေ့လိုက်ကာ ယုံကြည်မှုရှိတဲ့သူတွေမှာ တွေ့ရတတ်တဲ့ အလေ့အထလေးတွေကို အတုယူကြည့်ရအောင်။

(၁) သူတို့တွေဟာ မျက်နှာမှာ အမြဲ အပြုံးပန်းတွေဆင်ထားတယ်။

တကယ်တော့ ပြုံးတယ်ဆိုတာ ပိုက်ဆံကုန်စရာမလိုတဲ့ အရာတစ်ခုဖြစ်တဲ့အပြင် မိမိရဲ့ စိတ်ဆန္ဒနဲ့ ဖိစီးမှုတွေကို ထိန်းညှိပေးတယ်။ ပြုံးပြတာဟာ ဦးနှောက်မှာကြည်လင်လန်းဆန်းစေပြီး ပျော်ရွှင်နေသလို ခံစားရမယ်။အကယ်လို့ လမ်းမှာ ကိုယ့်ရဲ့ အသိမိတ်ဆွေတစ်ဦးဦးကို တွေ့ခဲ့မယ်ဆိုရင် သူ့ကိုအရင်ဆုံးပြုံးပြလိုက်ခြင်းအားဖြင့် နဂိုညစ်နေတဲ့ ကိုယ့်ရဲ့ စိတ်ကိုပါ လုံးဝပြောင်းလဲသွားစေမှာပါ။ ဒါ့ကြောင့် မိမိပတ်ဝန်းကျင် လုပ်ငန်းခွင်အတွင်းမှာပဲဖြစ်ဖြစ် ပြုံးပြလိုက်ခြင်းအား လူမှုဆက်ဆံရေးအတွက် ဆေးတစ်လက်ဖြစ်သလို ကိုယ့်အတွက်ပါမသိမသာ အကျိုးပြုစေပါတယ်။

(၂)အခြားလူများကို အားပေးပါ

မိမိကိုယ်ကို ယုံကြည်မှုအမြဲရှိတဲ့သူတွေ က များသောအားဖြင့် သူတို့ရဲ့ လုပ်ရည်ကိုင်ရည်အစွမ်းအစတွေကိုသာ သတိထားတတ်နေတတ်ကြပြီး ဘေးလူတွေ ဘာပဲပြောနေပါစေ သူတို့ကိုသူတို့သာ အာရုံစိုက်တာများပါတယ်။

ယုံကြည်မှုရှိတဲ့လူတွေဟာ သူတစ်ပါးကိုလည်း နိုးကြားအောင်မြင်အောင် အမြဲအားပေးတတ်သူတွေပါ။ ဥပမာ -တက္ကသိုလ်ဝင်တန်းအောင်ပြီးတဲ့ကျောင်းသားကျောင်းသူလေးတွေကို သူတို့အတွက်ဘယ်ပညာရပ်ကိုရွေးချယ်သင့်တာကို သေချာပြောပြပြီး အားပေးစကားတွေပြောတတ်ကြတာမျိုုးပေါ့။ စိတ်ဓာတ်ကျနေသူတွေ၊ အလုပ်လက်မဲ့ဖြစ်နေသူတွေ ဘယ်သူ့ကိုဖြစ်ဖြစ် စိတ်ချမ်းသာအောင် အားပေးတတ်ကြပါတယ်။

(၃) အပြင်ပန်းခန္ဓာကိုယ်က ဘာသာစကားပေါ့။ ဥပမာ တခြားလူတွေ ကိုယ့်ကိုမြင်လိုက်တာနဲ့ တန်းမှတ်မိနေအောင် ကိုယ်ပိုင်ဘရန်းလိုပေါ့ ပြုံးပြတာပဲဖြစ်ဖြစ် ကိုယ့်ခန္ဓာကိုယ်အနေထားကို ဖြောင့်ဖြောင့်မတ်မတ်ထားပြီးလမ်းလျှောက်တာတို့ပေါ။ ဒါက ကိုယ့်ကိုလူတွေပိုသတိထားမိစေမယ့်ကိုယ်ပိုင်ဟန်ပန်စတိုင်တစ်မျိုးလို့လည်းပြောနိုင်ပါတယ်။ ဒါ့ကြောင့် သွားလာနေထိုင်မှုပုံစံက အထက်ပါအတိုင်းယုံ့ကြည်မှုရှိရှိ တတ်တတ်ကြွကြွ နေသင့်ပါတယ်။

(၄) ဒီတစ်ချက်ကတော့ ယုံကြည်မှုရှိသူတော်တော်များများမှာ တွေ့ရတတ်တဲ့အချက်ပါပဲ။ ကိုယ့်အကြောင်းမဟုတ်တဲ့ တခြားလူတွေအကြောင်းပဲဖြစ်ဖြစ် ကို်ယ့်အတွက်ပညာရစေမယ့် အရာပဲဖြစ်ဖြစ် စိတ်ဝင်တစား မေးမြန်းတာပါ။ နားမလည်ရင် နားမလည်တဲ့အကြောင်း မေးပါ။တတ်ယောင်ကားတွေကတော့ နားမလည်ရင် နားလည်ချင်ယောင်ဆောင်ကြပါတယ်။ အခြားလူတွေရဲ့အကြောင်းကိုလည်း စိတ်ဝင်စားပါ။ မေးမြန်းပါ။ ဖာသိဖာသာ မနေသင့်ပါဘူး ။ ဒါမှတဖက်လူကလည်း မိမိအပေါ်ပိုယုံကြည်အားကိုးကာ ချစ်ခင်လာတတ်ပါတယ်။

(၅)နားထောင်ပေးပါ။

မိမိရဲ့ မိသားစုဆွေမျိုးပဲဖြစ်စေ သူငယ်ချင်းပဲဖြစ်ပါစေ သူတို့တွေရဲ့စိတ်ခံစားချက်တွေ ရင်ဖွင့်တာတွေကိုလည်း နားထောင်ပေးပါ။ အပေါ်ကအချက်နဲ့တူပါတယ်။ တစ်ဖက်လူရဲ့ ပြောစကားတွေကို တလေးတစားနားထောင်ပြီးမှ သူတို့အတွက် စိတ်ရင်းနဲ့ အကြံပေးတာ ၊စိတ်ပူပေးတာတို့လုပ်သင့်ပါတယ်။

(၆) မိမိကိုယ်ကို ယုံကြည်မှုရှိရှိတွေးတောပါ။ ကိုယ့်ရဲ့လုပ်ငန်းခွင်၊ ကျောင်း နေရာဌာနတွေမှာလုပ်တဲ့နေရာတွေမှာ တင်ဆက်ပေးရမယ့်အခါဖြစ်ဖြစ် ၊ကိုယ့်ရဲ့ လုပ်ဆောင်ရမယ့်အခန်းကဏ္ဍပါလာတဲ့အခါ ယုံကြည်မှုရှိရှိ စိတ်ကိုထားပြီး ရှေ့ဆက်ပါ။ ငါလုပ်နိုင်ပါတယ်။ မဖြစ်ဘူးဆိုတာမရှိဘူးဆိုတဲ့စိတ်ကို မွေးကာ လုပ်ဆောင်သင့်ပါတယ်။

(၇) အောင်မြင်မှုအတွက် ဝတ်စားဆင်ယင်မှုကိုအလေးထားတာဟာ ယုံကြည်မှုရှိတဲ့လူတွေမှာ တွေ့ရတတ်တဲ့အလေ့အထပါ။ တောင်းမှာ အကွပ် လူမှာအဝတ် ဆိုသလို အဝတ်အစားဆိုတာ လူတစ်ယောက်အတွက် တကယ်ကိုလိုအပ်တဲ့ အရာပါ။ မိမိရဲ့ ရာထူး ဂုဏ်အဆင့်အတန်း အလုပ်အနေအထားကိုမူတည်ပြီး အဝတ်အစားကို သပ်သပ်ရပ်ရပ်နဲ့ သန့်ပြန်နေအောင် ဝတ်စားသင့်ပါတယ်။ ကိုယ်က ခေါင်းဆောင်နေရာ ရောက်တဲ့အချိန်မှာ အဝတ်အစားကိုစမတ်ကျကျဝတ်ဆင်လိုက်မယ်ဆိုရင် ကိုယ့်ရဲ့ လုပ်ဖော်ကိုင််ဖက်တွေရဲ့ မျက်စိထဲမှာ ကိုယ့်အပေါ်လေးစားမှုတွေပိုရလာမယ်။ ဖြစ်ကလဲ့ဆန်းသာသွားလာနေထိုင်မယ်ဆိုရင် ကိုယ့်အပေါ် ယုံကြည်လေးစားမှုကလျော့နည်းသွားနိုင်ပါတယ်။

(၈) တရားထိုင်ပါ

ကမ္ဘာမှာအောင်မြင်နေတဲ့သူတော်တော်များများကိုကြည့်မယ်ဆိုရင် တရားထိုင်တာ ယောဂကျင့်တာတို့ကို အားလပ်ချိန်တွေမှာ အချိန်ပေးပြီးလုပ်လေ့ရှိပါတယ်။ တစ်နေ့တာလုံးနွမ်းနယ်ပင်ပန်းလာတဲ့အခါ အလုပ်မှာဖိစီးမှုတွေများပြီး အထစ်ငေါ့တွေရှိနေတဲ့အခါ နားတဲ့အချိန်လေးကို တရားထိုင်ကြည့်ပါ။ ဗုဒ္ဓဘာသာအယူအနေနဲ့လည်း လုပ်သင့်တဲ့အရာပါ။ဘယ်ဘာသာပဲဖြစ်ဖြစ် တရားထိုင်လိုက်ရင် စိတ်လက်ပေါ့ပါးပြီး အကောင်းမြင်စိတ်တွေဖြစ်သွားစေပါတယ်။

အားလုံးပဲ မနက်ဖြန်ကစပြီး မိမိကိုယ်ကို ယုံကြည်မှုရှိရှိနဲ့ အနာဂတ်ကိုအောင်မြင်စွာဖြတ်သန်းနိုင်ကြပါစေ။  

သတင်းအရင်းမြစ် lifehack

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။