ဘောလုံးကွင်‌း‌တွေကိုလွမ်‌း‌နေဆဲလူတစ်‌‌ယောက်‌


မ‌နေ့က မြန်‌မာ့လက်‌‌ရွေးစင်‌အသင်‌းကြီးမှာလိုအပ်‌‌နေတဲ့ကွင်‌းလယ်‌လူ

ဆိုတဲ့‌ဆောင်‌ပါးတစ်‌ပုဒ်‌ဖတ်‌လိုက်‌ရ‌တော့ ထွန်‌းထွန်‌းဝင်‌းကိုသတိရမိသွားတယ်‌။ ထွန်‌းထွန်‌းဝင်‌းဆိုတာ

ရန်‌ပိုင်‌၊စိုးမြတ်‌မင်‌းတို့နဲ့ကစား‌ဖော်‌ကစားဖက်‌

ရတနာပုံအသင်‌းရဲ့ကွင်‌းလယ်‌အသက်‌‌သွေး‌ကြော‌ပေါ့။ရတနာပုံအသင်‌းမှာ နံပါတ်‌ (၁၀)‌ ပိုင်‌ရှင်‌တစ်‌‌ယောက်‌အ‌နေနဲ့

ရတနာပုံကိုMNLပြိုင်‌ပွဲရဲ့ ပထမဆုံးချန်‌ပီယံဖြစ်‌‌စေခဲ့တယ်‌။

ရတနာပုံရယူခဲ့တဲ့ပြည်‌ပ‌အောင်‌မြင်‌မှု‌တွေမှာလည်‌းထွန်‌းထွန်‌းဝင်‌းအခရာကျခဲ့ပါတယ်‌။



မြန်‌မာ့လက်‌‌ရွေးစင်‌အသင်‌းမှာကွင်‌းလယ်‌ပြဿနာအတွက်‌

‌ခေါင်‌းခဲ‌နေရသည်‌မှာအားလုံးအသိပင်‌။ထို့‌ကြောင်‌့ဒီလိုအချိန်‌မှာထွန်‌းထွန်‌းဝင်‌းသာရှိခဲ့ရင်‌ဆို‌သော

အ‌တွေးက‌ခေါင်‌းထဲကိုဖျတ်‌ခနဲတိုးဝင်‌လာပါတယ်‌။

ထွန်‌းထွန်‌းဝင်‌းတစ်‌‌ယောက်‌ဘယ်‌‌ရောက်‌‌နေသလဲ၊

ဘာလုပ်‌‌နေသလဲလိုက်‌‌မေးကြည်‌့‌တော့...



ထွန်‌းထွန်‌းဝင်‌းဟာရတနာပုံက‌နေအနားယူသွားပြီး‌နောက်‌ပိုင်‌မှာအခွန်‌အရာရှိတစ်‌ဦးအဖြစ်‌နိုင်‌ငံ့တာဝန်‌‌တွေထမ်‌း‌ဆောင်‌လျှက်‌ရှိ‌နေပါတယ်‌။ပရဟိတ‌တွေလည်‌းသရုပ်‌‌ဆောင်‌ကိုရဲမွန်‌တို့နဲ့‌ပေါင်‌းပြီးလုပ်‌ဖြစ်‌‌နေပါတယ်‌။‌ဘောလုံးကိုမလွမ်‌းဘူးလားကိုထွန်‌းထွန်‌းဝင်‌းရယ်‌လို့‌မေးကြည်‌့‌တော့"ရတနာပုံကဆရာကြီးတွေနဲ့တွေ့တော့လည်းဘောလုံးသမားဘဝအတူကစားအတူသွားခဲ့တာကိုပြန်သတိရမိတယ်။ရိုးရှင်းပြီးပွင့်လင်းတဲ့ဘောလုံးသမားဘဝကအပျော်ရွှင်ဆုံးအချိန်တွေကိုလွမ်းဆွတ်မိတယ်" တဲ့။ဒီစကား‌လေးကို‌တော့သူတာဝန်‌ထမ်‌း‌ဆောင်‌‌နေတဲ့ရန်‌ကုန်‌‌လေဆိပ်‌မှာ ‌နိုင်‌ငံခြားမှာ‌ဘောလုံးကန်‌ဖို့သွားတဲ့ကစား‌ဖော်‌‌တွေဖြစ်‌တဲ့ရန်‌ပိုင်‌၊‌အောင်‌‌ကျော်‌မိုးတို့ကိုလိုက်‌ပါနှုတ်‌ဆက်‌ရင်‌း‌ပြောပြခဲ့တာပါ။

Source-Tun Tun Win fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။