ချစ်ပရိသတ်ကြီးရေ နိုင်ငံကျော်အဆိုတော်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်တဲ့ မိစန္ဒီကတော့ ကိုယ်ပိုင်တေးသီချင်းတွေကို ရေးသားသီဆိုရင်း ပရိသတ်ရင်ထဲ နေရာတစ်နေရာ အခိုင်အမာရယူထားနိုင်တဲ့ သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမက Rapသီချင်းတွေကို အများဆုံးသီဆိုလေ့ရှိပြီး စာသားတွေကလည်း အမိုက်စားဖြစ်တာကြောင့် လူငယ်ပရိသတ်တွေကြားမှာ ရေပန်းစားလူကြိုက်များနေတာ အမှန်ပါပဲနော်။

Photo credit - Mi sandi's Facebook account
Photo credit - Mi sandi's Facebook account

မိစန္ဒီက ဖက်ရှင်အလန်းစားလေးတွေကိုလည်း သူမတူအောင် ဝတ်ဆင်တက်လေ့ရှိသူဖြစ်တာကြောင့် ပရိသတ်တွေက ဖက်ရှင်မင်းသမီးလို့လဲ တင်စားခေါ်ဝေါ်ခြင်းခံရတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ မိစန္ဒီက အနုပညာလှုပ်ရှားမှုတွေကို ရပ်ဆိုင်းထားပြီး အိမ်မှာပဲ သူမချစ်ရတဲ့ မိသားစုတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင်နဲ့နေထိုင်နေတာပဲဖြစ်ပါတယ်။ အိမ်မှာနေရင်း ချစ်ပရိသတ်တွေ အလွမ်းပြေစေရန်အတွက် သူမရဲ့ နေ့စဥ်လှုပ်ရှားမှု ပုံရိပ်လေးတွေကို လူမှုကွန်ယက်ဆိုရှယ်မီဒီယာကနေ မျှဝေပေးလျက်ရှိနေတာပဲဖြစ်ပါတယ်။

Photo credit - Mi sandi's Facebook account
Photo credit - Mi sandi's Facebook account

မိစန္ဒီက မကြာသေးမီက သူမရဲ့ ဖေ့ဘွတ်စာမျက်နှာပေါ်မှာ အစိမ်းရောင်ဝတ်စုံလေးနဲ့ အမိုက်စားဖက်ရှင်တွေကို ဝတ်ဆင်ပြီး ဓာတ်ဖမ်းထားတဲ့ အလှပုံရိပ်လေးတွေကို တင်ပေးလါတာကြောင့် ချစ်ပရိသတ်ကြီး ကြည့်ရှုပြီး အချစ်ပိုနေမှာ အသေအချာပဲမို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်.... ။

မိစန္ဒီရဲ့ ပုံလေးတွေကို ကြည့်ပြီး အသည်းလေးတွေ ပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့အုန်းနော်.. ။ သူမရဲ့ ဆက်လက်လှုပ်ရှားမယ့် အနုပညာလှုပ်ရှားမှုတွေကိုလည်း ချစ်ပရိသတ်ကြီးက အားပေးလိုက်ကြပါအုန်းနော်...... ။

Photo credit - Mi sandi's Facebook account
Photo credit - Mi sandi's Facebook account

Source & Photo credit - Mi sandi's Facebook account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။