ချစ်ပရိသတ်ကြီးရေ အနုပညာလမ်းကြောင်းပေါ်မှာ ဆယ်စုနှစ်တစ်ခုတိုင်အောင် အောင်မြင်ကျော်ကြားမှုတွေ များစွာ ရရှိနေသူလေးကတော့ သရုပ်ဆောင် မင်းသမီးချောလေး စံရတီမိုးမြင့်ပဲ ဖြစ်ပါတယ်။ ပရိသတ်တွေက သူမကို ချစ်စနိုးနဲ့ သဲလို့လည်း ခေါ်ကြတာပဲ ဖြစ်ပါတယ်။ သဲက ချစ်စရာကောင်းတဲ့ အပြုံးချိုချိုလေးနဲ့ ဆွဲ​ဆောင်မှုရှိတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားတာကြောင့် ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာတွေကို အပြည့်အဝရရှိထားတာလည်း ဖြစ်ပါတယ်။

Photo credit - San Yati Moe Myint's Facebook account
Photo credit - San Yati Moe Myint's Facebook account

သဲဟာ ရုပ်ရှင်ဗီဒီယို ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးခဲ့ပြီး ၊ ကြော်ငြာတွေနဲ့ Photo shooting တွေကိုလည်း များစွာ ရိုက်ကူးနေရတဲ့ သူလေးပဲ ဖြစ်ပါတယ်။ ပွဲအခမ်းအနားအတော်များများရဲ့ ဖိတ်ကြားခြင်းကို ခံရတဲ့ သူမက မြင်သူတကာငေးရတဲ့ ဖက်ရှင်အလန်းစားလေးတွေကို ဝတ်ဆင်ပြီး တက်ရောက်လာခဲ့သူလေးဖြစ်လို့ ပုရိသတို့အသည်းစွဲ မင်းသမီးတစ်ယောက်ဆိုရင်လည်း မမှားနိုင်ပါဘူးနော်.... ။ 

Photo credit - San Yati Moe Myint's Facebook account
Photo credit - San Yati Moe Myint's Facebook account

သဲက အခုလက်ရှိကျရောက်နေတဲ့ မြန်မာ့နှစ်သစ်ကူး မဟာသကြ်န်ပွဲတော် အတက်နေ့မှာ အိမ်မှာ ကုသိုလ်ကောင်းမှူတွေကို ပြုလုပ်ရင်း ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ မကြာသေးမီက သူမရဲ့ ဖေ့ဘွတ်စာမျက်နှာကနေ " မြတ်စွာဘုရားကိုရောင်တော်ဖွင့်ပြီး နံ့သာငါးမျိုးရေနဲ့ တရော်ကင်ပွန်းနဲ့ သပြေခက်နဲ့ မိသားစု သင်္ကြန်ကျတယ်.. ခေါင်းဆေးမင်္ဂလာပြုမယ်" ဆိုတဲ့ စာသားလေးနဲ့အတူ ပုံရိပ်လေးတွေကို တင်ပေးလါတာကြောင့် ချစ်ပရိသတ်ကြီး ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်..... ။ 

Photo credit - San Yati Moe Myint's Facebook account
Photo credit - San Yati Moe Myint's Facebook account

Source & Photo credit - San Yati Moe Myint's Facebook account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။