ဘာစီလိုနာအသင်း၏တိုက်စစ်မှူး အာဂျင်တီးနားနိုင်ငံသား လီယွန်နယ်မက်ဆီကို ဂုဏ်ပြုသောအားဖြင့် တရုတ်နိုင်ငံဘေဂျင်းမြို့တွင် ၂၀၁၉ အမီ အပန်းဖြေကစားကွင်းပန်းခြံအား တည်ဆောက်သွားမည်ဟု ဘာစီလိုနာအသင်းတာဝန်ရှိသူများ၊ မက်ဆီနဲ့ တည်ဆောက်ရေးကုမ္ပဏီ Mediapro Exhibitions တို့မှ ဘေဂျင်းတွင်ကျင်းပခဲ့သည့် ထိုပန်းခြံအတွက်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသွားခဲ့သည်။

လီယွန်နယ်မက်ဆီအပန်းဖြေကစားကွင်းပန်းခြံအား တည်ဆောက်မည့် Mediapro Exhibitions ကုမ္ပဏီရဲ့အမှုဆောင် ဒါရိုက်တာ ဒေးဗစ်ရှီရားက သူတို့တည်ဆောက်မည့် ပန်းခြံအနေဖြင့် နောက်ဆုံးပေါ်နည်းပညာများကို အခြေခံပြီး ကမ္ဘာ့လူ့ကြိုက်အများဆုံးအားကစားဖြစ်သည့် ဘောလုံးအားကစားနဲ့ပေါင်းစပ််ကာ ဘာစီလိုနာအသင်း၏တိုက်စစ်မှူး လီယွန်နယ်မက်ဆီအပန်းဖြေကစားကွင်းပန်းခြံကိုတည်ဆောက်သွားမည်ဟု ပြောကြားခဲ့သည်။

လီယွန်နယ်မက်ဆီအပန်းဖြေကစားကွင်းပန်းခြံသည်စတုရန်းမီတာ ၄သောင်း၂ထောင်ကျယ်ဝန်းမည်ဖြစ်ပြီး လာရောက်လည်ပတ်သည့် ဘောလုံးအားကစားဝါသနာရှင်များအနေဖြင့် ဘာစီလိုနာအသင်း၏တိုက်စစ်မှူး အာဂျင်တီးနားနိုင်ငံသား လီယွန်နယ်မက်ဆီ၏ပုံရိပ်များ ဂုဏ်ပြုထားပေးမှု့များကို အပန်းဖြေကစားကွင်းပန်းခြံထဲတွင် တစ်ဝကြီးခံစားနိုင်ပေမည်ဟုလည်း ထုတ်ပြန်သွားခဲ့သည်။

Source-The Daily Mail Football

Hein

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။