သရုပ်ဆောင် မင်းသမီးချော တစ်ယောက်ဖြစ်တဲ့ စိုးပြည့်သဇင် ကတော့ အနုပညာလောကမှာ အချိန်အတော်ကြာထိ ရပ်တည်နေပြီး အောင်မြင်မှုများစွာ သိမ်းပိုက်ရရှိသူလည်းဖြစ်ပါတယ်။ သူမက ကျရာဇာတ်ရုပ်ကို ပီပြင်စွာသရုပ်ဆောင်တက်တာကြောင့် ဗီဒီယို ဇာတ်ကားတွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း များစွာ ရိုက်ကူးနေရပြီး အကယ်ဒမီ ရွှေစင်ရုပ်ထုကြီးကိုလည်း ထိုက်တန်စွာ ရရှိထားတဲ့ သူတစ်ယောက်ပါနော်။ 

Photo credit - Soe Pyae Thazin's facebook account

ကြော်ငြာတွေနဲ့ photo shooting တွေကိုလည်း ဆက်တိုက် ရိုက်ကူးနေရပြီး သူမရဲ့ အနုပညာငွေကြေးလေးနဲ့ မိဘတွေကို လုပ်ကျွေးပြုစုနေတဲ့ သမီးကောင်းရတနာလေးဖြစ်တာကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုများသာမကပဲ အနုပညာရှင် ညီအကို မောင်နှမတွေရဲ့ ချစ်ခင်ခြင်းကိုလည်း အပြည့်အဝရရှိသူလည်း ဖြစ်ပါတယ် ။ စိုးပြည့်က သူမရဲ့ လှုပ်ရှားမှုတိုင်းကို လူမှုကွန်ယက် စာမျက်နှာမှာ အမြဲလိုလိုတင်ပေးလေ့ရှိပြီး အခုလက်ရှိမှာလည်း ငယ်ဘဝဖြတ်သန်းမှုပုံရိပ်လေးတွေကို တင်ပေးလါတာပဲ ဖြစ်ပါတယ်။

Photo credit - Soe Pyae Thazin's facebook account
Photo credit - Soe Pyae Thazin's facebook account
Photo credit - Soe Pyae Thazin's facebook account
Photo credit - Soe Pyae Thazin's facebook account

စိုးပြည့်က ပုံလေးတွေကို ငယ်ရာကနေ တဖြည်းဖြည်းကြီးလာတဲ့အထိ သေသေချာချာစီကာ " ငယ်ဘဝအလွမ်းပြေ " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာပဲ ဖြစ်ပါတယ်။ ငယ်ရုပ်မပြောင်းတဲ့ စိုးပြည့်ရဲ့ ပုံလေးတွေကို ကြည့်ပြီး ပရိသတ်တွေ အချစ်ပိုမိစေမှာ အသေအချာပဲမို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်... ။ ပုံလေးတွေတိုင်းက အသည်းယားစရာကောင်းပြီး ချစ်ဖို့ကောင်းနေတာကြောင့် ပရိသတ်တွေက ကြည့်ပြီး အသည်းလေးတွေပေးခဲ့ဖို့ တောင်းဆိုလိုက်ပါတယ်နော်.....။

Photo credit - Soe Pyae Thazin's facebook account
Photo credit - Soe Pyae Thazin's facebook account
Photo credit - Soe Pyae Thazin's facebook account
Photo credit - Soe Pyae Thazin's facebook account
Photo credit - Soe Pyae Thazin's facebook account
Photo credit - Soe Pyae Thazin's facebook account
Photo credit - Soe Pyae Thazin's facebook account
Photo credit - Soe Pyae Thazin's facebook account

Source & Photo credit - Soe Pyae Thazin's facebook account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။