ဆယ်ကျော်သက်အဆိုတော်မလေးဖြစ်တဲ့ ပန်းရောင်ခြယ် ကတော့ သာယာချိုမြတဲ့အသံလေးကို ပိုင်ဆိုင်ထားပြီး အချစ်တေးသီချင်းလေးတွေကို အများဆုံးသီဆိုလေ့ရှိသူပါနော်။ ပန်းရောင်ခြယ်က

တခေတ်တခါက နာမည်ကျော်ကြားလူကြိုက်များခဲ့တဲ့ အဆိုတော် ဂရေဟမ်ရဲ့ သမီးအကြီးဖြစ်ပြီး အဖေ့ရဲ့ ခြေရာကို လိုက်မှီတဲ့ သမီးတစ်ယောက်ဆိုရင်လည်း မမှားနိုင်ပါဘူးနော်... ။

Photo credit - Pan Yaung Chel 's facebook page
Photo credit - Pan Yaung Chel 's facebook page

သူမ သီဆိုထားတဲ့ တေးသီချင်းတိုင်းက လူငယ်တွေ အကြိုက်တွေ့စေခဲ့တာကြောင့် အချိန် ခဏလေးအတွင်းမှာ ပရိသတ်တွေရဲ့ အားပေးမှုကို များစွာရရှိထားတဲ့ သူလည်း ဖြစ်ပါတယ်။ ပန်းရောင်ခြယ်က ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့ ဖြူဝင်းချောမွတ်တဲ့ အသားအရည်လေးကို ပိုင်ဆိုင်ထားတာကြောင့် ပုရိသတို့အသည်းစွဲ အားပေးရတဲ့ အဆိုတော်မလေးလည်း ဖြစ်ပါတယ်။ ရုပ်ရည်လေးက လှပရုံသာမကပဲ စိတ်ထားလေးကလည်း ဖြူစင်လွန်းတာကိုလည်းပရိသတ်တွေ အသိဖြစ်မှာပါနော်.....။

Photo credit - Pan Yaung Chel 's facebook page

လတ်တလောမှာ ပန်းရောင်ခြယ်က အနုပညာလှုပ်ရှားမှုတွေကို ခေတ္တရပ်ဆိုင်းထားပြီး အိမ်မှာပဲ မိသားစုတွေနွေးနွေးထွေးထွေးနဲ့ နေထိုင်နေကြတာလည်းပဲ ဖြစ်ပါတယ်။ မကြာသေးမီက သူမရဲ့ ဖေ့ဘွတ်စာမျက်နှာပေါ်မှာ " အားလုံးကို သတိရတယ် " ဆိုတဲ့ စာသားလေးနဲ့အတူ ချစ်စရာကောင်းစွာ ဓာတ်ဖမ်းထားတဲ့ ပုံလေးတွေကို တင်ပေးလါတာကြောင့် ချစ်ပရိသတ်ကြီး ကြည့်ရှုပြီး အချစ်ပိုနေမှာ အသေအချာပဲမို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..... ။

Photo credit - Pan Yaung Chel 's facebook page

Source & Photo credit - Pan Yaung Chel 's facebook page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။