မန်ချက်စတာယူနိုင်တက်အသင်းအနေဖြင့် အသင်း၏ကွင်းလယ်လူ မိုက်ကယ်ကာရစ်အတွက်ဂုဏ်ပြုဘောလုံးပွဲကို ၂၀၁၇ ဇွန်လ ၄ရက် တနင်္ဂနွေနေ့ မြန်မာစံတော်ချိန် ည၈နာရီမှာ မန်ချက်စတာယူနိုင်တက်အသင်း၏အိမ်ကွင်း အိုးထရက်ဖို့ကွင်းမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ Manchester United 2008 XI ရဲ့နည်းပြက ဆာဖာဂူဆန်ဖြစ်ပြီး Michael Carrick All-Star XI နည်းပြက ဟယ်ရီရက်နက်ပါ။ ကစားလို့ရရှိလာတဲ့ ကွင်းဝင်ကြေးနဲ့ပိုက်ဆံတွေကို Michael Carrick Foundation ကိုပေးအပ်လှူဒါန်းသွားခဲ့ပါတယ်။ 

ဒီပွဲကို ချန်ပီယံလိဂ်ဖလားရခဲ့တဲ့ ၂၀၀၈က မန်ချက်စတာယူနိုင်တက်အသင်းသားတွေပါဝင်တဲ့ Manchester United 2008 XI နဲ့ မိုက်ကယ်ကာရစ်ရွှေးချယ်ထားတဲ့ Michael Carrick All-Star XI ဆိုတဲ့အသင်း၂သင်းကန်ခဲ့ကြတာပါ။ Manchester United 2008 XI အသင်းမှာ ဗန်ဒါဆား။ ဘရောင်း ဖာဒီနန် ၊ အီဗရာ၊ ပတ်ဂျီဆန်၊ ကာရစ်၊ ပေါစခိုး၊ ဖလက်ချာ၊ ဂစ်နဲ့ရွန်းနီတို့ပွဲထွက်လာပါတယ်။ Michael Carrick All-Star XI အသင်းကဦးဆောင်ဂိုးကိုအရင်ရရှိခဲ့ပြီး ဒီဂိုးကို ရော်ဘီကိန်းရဲ့ပေးပို့မှုကနေ တိုက်စစ်မှူး မန်ဒီရေတာကသွင်းယူပေးခဲ့တာပါ။ 

ထို့နောက် Manchester United 2008 XIအသင်း ချေပဂိုးပြန်လည်ရရှိခဲ့ပြီး မန်ချက်စတာယူနိုင်တက်ခေါင်းဆောင်ဟောင်းဖြစ်တဲ့ ဗီဒစ်က ရိုင်ယန်ဂစ်ရဲ့ထောင့်ကန်ဘောပေးပို့မှုကနေ ခေါင်းတိုက်သွင်းယူခဲ့တာပါ။ သို့ပေမယ် Michael Carrick All-Star XI အသင်းတွက် ရော်ဘီကိန်းကဒုတိယဂိုးသွင်းပေးခဲ့ပါတယ်။ Manchester United 2008 XIအသင်းအတွက် သရေရစေမယ့်ဂိုးကိုတော့ မိုက်ကယ်ကာရစ်ကိုယ်တိုင် ရွန်းနီရဲ့ပေးပို့မှုကနေသွင်းယူကာ တစ်ဘက်၂ဂိုးစီနဲ့သရေကျခဲ့ပါတယ်။

Source-Daily Mail Football

Hein 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။