ဖက်ရှင်မော်ဒယ်လ် နွယ်နွယ်ထွန်းကတော့ လှပပြည့်တင်းတဲ့ ကိုယ်ခန္ဓာအချိုးအစားကို ပိုင်ဆိုင်ထားပြီး မျက်နှာလေးကလည်း ပြစ်ချက်မရှိလှပတာကြောင့် ပုရိသတို့အသည်းစွဲ အားပေးချစ်ခင်ရတဲ့ အနုပညာရှင် တစ်ယောက်ပါ။ သူမက အမိုက်စားဖက်ရှင်တွေကို ဝတ်ဆင်လေ့ရှိပြီး အလန်းစားပိုစ့်လေးတွေနဲ့ ပရိသတ်တွေရဲ့ ရင်ထဲမှာ နေရာတစ်နေရာကို အခိုင်အမာရယူထားတဲ့ သူဆိုရင်လည်း မမှားနိုင်ပါဘူးနော်.... ။

Photo credit - Nwe Nwe Tun's facebook page

နိုင်ငံခြားခရီးစဥ်တွေကို မကြာခဏသွားရောက်လည်ပတ်လေ့ရှိတဲ့ နွယ်နွယ်ထွန်းက အခုလက်ရှိမှာတော့ ကိုရိုနာဗိုင်းရပ်ရောဂါ ကူးစက်ပြန့်ပွားလာတဲ့ ပြဿနာလေးတွေကြောင့် အနုပညာလှုပ်ရှားမှုတွေနဲ့ ခရီးစဥ်တွေကို ရပ်ဆိုင်းထားကာ အိမ်မှာပဲ နားနားနေနေ နေထိုင်နေတာပဲဖြစ်ပါတယ်။ အိမ်မှာနေရင်း အပျင်းပြေဓာတ်ဖမ်းထားတဲ့ ပုံလေးတွေကို လူမှုကွန်ယက်ဆိုရှယ်မီဒီယာကနေတဆင့် ပရိသတ်တွေကိုဆီကို အလွမ်းပြေ တင်ပေးလါတာပဲ ဖြစ်ပါတယ်.....။

Photo credit - Nwe Nwe Tun's facebook page

နွယ်နွယ်ထွန်းက မကြာသေးမီက သူမရဲ့ Facebook ကနေ တဆင့် " ခုလွမ်းနေတယ်ဆိုရင်

မင်းယုံမှာလား" ဆိုတဲ့ စာသားလေးနဲ့အတူ အဝါရောင်ဂါဝန်လေးနဲ့ စမတ်ကျကျဓာတ်ဖမ်းထားတဲ့ ပုံလေးတွေကို တင်ပေးလါတာပဲဖြစ်ပါတယ်။ ပုံလေးတွေတိုင်းက လှနေတာကြောင့် ချစ်ပရိသတ်ကြီးကြည့်ရင်း အချစ်ပိုမိစေမှာ အသေအချာပဲမို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်..... ။ နွယ်နွယ်ထွန်းရဲ့ ပုံလေးတွေကို ကြည့်ပြီး ပရိသတ်တွေက အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့အုန်းနော်.....။

Photo credit - Nwe Nwe Tun's facebook page

Source & Photo credit - Nwe Nwe Tun's facebook page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။