တက်သစ်စ သရုပ်ဆောင် မင်းသမီးချောလေး သံသာမိုးသိမ့်ကတော့ "ကျွန်မက မဟေသီ"ဆိုတဲ့ MRTV-4ဇာတ်လမ်းတွဲလေးထဲမှာ မိန်းမချောဆိုတဲ့ ကာရိုက်တာလေးကို ပီပြင်စွာ သရုပ်ဆောင်ရင်း ပရိသတ်အားပေးလက်ခံမှုကို အပြည့်အဝရရှိကာ အနုပညာလမ်းကြောင်းပေါ်မှာ ရပ်တည်နေတဲ့ သူလေးပဲ ဖြစ်ပါတယ် ။ သူမက အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်နေပြီး ဇာတ်လမ်းတွဲအတော်များများမှာလည်း ပါဝင်သရုပ်ဆောင်နေရတဲ့အပြင် ကြော်ငြာတွေနဲ့ photo shooting တွေကိုလည်း လက်ခံရိုက်ကူးနေရတဲ့ သူလေးပါ။ 

Photo credit - Than Thar Moe Theint's facebook account
Photo credit - Than Thar Moe Theint's facebook account

လတ်တလောမှာတော့ သံသာမိုးသိမ့်က " အချစ်ဖွဲ့လေညှင်း " ဇာတ်လမ်းတွဲလေးထဲမှာ မေပျိုဖြူဆိုတဲ့ ကာရိုက်တာလေးနဲ့ သရုပ်ဆောင်နေပြီး ပရိသတ်ရဲ့ အားပေးမှုကို တခဲနက်ရရှိထားတာလည်း ဖြစ်ပါတယ် ။ သံသာမိုးသိမ့်က သူမရဲ့ လှုပ်ရှားမှုပုံရိပ်တိုင်းကို လူမှုကွန်ယက် ဆိုရှယ်မီဒီယာကနေတဆက့် ချစ်ပရိသတ်တွေဆီကို အမြဲလိုလိုမျှဝေပေးလျှက်ရှိနေပြီး သူမရဲ့ ပရိသတ်တွေကလည်း စောင့်မျှော်အားပေးနေကြတာပါနော်....။

Photo credit - Than Thar Moe Theint's facebook account
Photo credit - Than Thar Moe Theint's facebook account

မကြာသေးမီက သူမရဲ့ facebook ကနေ ချစ်စရာကောင်းတဲ့ ဂါဝန်အဖြူရောင်လေးကို ဝတ်ဆင်ပြီး ကလေးလေးတစ်ယောက်လို အပြစ်ကင်းစင်တဲ့မျက်နှာလေးနဲ့ ပိုစ့်ပေးနေတဲ့ ပုံရိပ်လေးတွေကို တင်ပေးလါခဲ့တာပဲ ဖြစ်ပါတယ်။ ပုံလေးတွေတိုင်းက ချစ်စရာကောင်းနေတာကြောင့် ချစ်ပရိသတ်တွေ ကြည့်ရင်း အချစ်ပိုမိစေမှာအသေအချာပဲမို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်.. ။ သံသာမိုးသိမ့်ရဲ့ ပုံလေးတွေကို ကြည့်ပြီး ချစ်ပရိသတ်ကြီးက အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့အုန်းနော်.....။ 

Photo credit - Than Thar Moe Theint's facebook account

Source & Photo credit - Than Thar Moe Theint's facebook account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။