Miss Myanmar International 2012 ဆုကို ထိုက်တန်စွာ ရရှိထားတဲ့ မော်ဒယ်လ် သရုပ်ဆောင် နန်းခင်ဇေယျာကတော့ ပအိုဝ်းတိုင်းရင်းသူတစ်ယောက်ပါနော်။ သူမက တေးသီချင်း အယ်လ်ဘမ် တွေကိုလည်း ထွက်ရှိထားပြီး အောင်မြင်မှု အသင့်အတင့်ရရှိနေတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ တိုင်းရင်းသူလေးဖြစ်တာကြောင့် ရိုးသားပွင့်လင်းပြီး ဖော်ဖော်ရွေရွေ နေထိုင်တက်တာကြောင့် လူအများရဲ့ အချစ်ကို အပြည့်အဝရရှိနေတဲ့ သူလေးလည်း ဖြစ်ပါတယ်။ 

Photo credit - Nang Khin Zay Yar's facebook page
Photo credit - Nang Khin Zay Yar's facebook page

အသားရောင် ညိုညိုလေးနဲ့ မျက်နှာလေးကလည်း ပြစ်ချက်မရှိလှပလွန်းတာကြောင့် ပုရိသတို့အသည်းစွဲ အားပေးချစ်ခင်ရတဲ့ အနုပညာရှင်တစ်ယောက်ဆိုရင်လည်း မမှားနိုင်ပါဘူးနော်..... ။

နန်းခင်ဇေယျာက အချိုးအစားပြေပြစ်လှပတဲ့ ကိုယ်ခန္ဓာကို ပိုင်ဆိုင်ထားပြီး ဖက်ရှင် အလန်းစားလေးတွေကိုလည်း လိုက်ဖက်ညီစွာ ဝတ်ဆင်တက်သူဖြစ်တာကြောင့် ပရိသတ်တွေက အချစ်ပိုနေကြတာလည်း ဖြစ်ပါတယ်။ 

Photo credit - Nang Khin Zay Yar's facebook page
Photo credit - Nang Khin Zay Yar's facebook page

နန်းခင်ဇေယျာက လတ်တလောမှာ ကိုရိုနာဗိုင်းရပ်ရောဂါ ကူးစပ်ပြန့်ပွားလာတဲ့ ပြဿနာလေးတွေကြောင့် အနုပညာလှုပ်ရှားမှုတွေကို ခေတ္တရပ်ဆိုင်းထားပြီး အိမ်မှာပဲ နားနားနေနေ နေထိုင်နေတာပဲဖြစ်ပါတယ်။ မကြာသေးမီက သူမရဲ့ ဖေ့ဘွတ်စာမျက်နှာကနေ ဟင်းချက်နေတဲ့ ပုံလေးတွေကို တင်ပေးလါပြီး " မောင်ကိုပစ်ရယ် ရှင့်ကြောင့် ကျွန်မ အိမ်ရှင်မကို ဖြစ်နေပါပြီ"ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာကြောင့် ချစ်ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်တင်ဆက်လိုက်ပါတယ်နော်..... ။

Photo credit - Nang Khin Zay Yar's facebook page
Photo credit - Nang Khin Zay Yar's facebook page

Source & Photo credit - Nang Khin Zay Yar's facebook page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။