ပန်းနုသွေး ဇာတ်လမ်းတွဲလေးမှာ စတင်သရုပ်ဆောင်ရင်း ပီပြင်လှတဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေရဲ့ ရင်ထဲကို ဝင်ရောက်လာနိုင်ခဲ့တဲ့ သူလေးကတော့ မင်းသမီးချောလေး မေမြင့်မိုရ်ပဲ ဖြစ်ပါတယ်။ MRTV -4ဇာတ်လမ်းတွဲတွေ အတော်များများမှာ ပါဝင်သရုပ်​ဆောင်နေတဲ့ သူမက ကြော်ငြာတွေနဲ့ Photo shooting တွေကိုလည်း ကြိုးစားရိုက်ကူးနေတာပါ။ ပွဲအခမ်းအနား အတော်များများရဲ့ ဖိတ်ကြားခြင်းကို ခံရတဲ့ သူလေးဆိုရင်လည်း မမှားနိုင်ပါဘူးနော်..... ။

Photo credit - May Myint Mo's facebook account
Photo credit - May Myint Mo's facebook account

မေမြင့်မိုရ်က ဆွဲဆောင်မှုရှိတဲ့ အပြုံးချိုချိုလေးနဲ့ ချစ်စရာကောင်းပြီး အပြစ်ကင်းစင်တဲ့ မျက်နှာလေးကြောင့် လူချစ်လူခင်ပေါများပြီး ပုရိသတို့အသည်းစွဲ အားပေးချစ်ခင်ရတဲ့ အနုပညာရှင်တစ်ဦး ပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ မေမြင့်မိုရ်က အရိပ်ဆိုတဲ့ ဇာတ်လမ်းတွဲလေးထဲမှာ စုစုလှိုင်ဆိုတဲ့ ကာရိုက်တာလေးနဲ့ ပါဝင်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းတွဲလေးထဲက အမှတ်တရပုံရိပ်လေးတွေကိုလည်း မကြာခဏဆိုသလို တင်ပေးလေ့ရှိနေတာလည်း ဖြစ်ပါတယ်....။

Photo credit - May Myint Mo's facebook account

မေမြင့်မိုရ်က မကြာသေးမီကမှ သူမရဲ့ ဖေ့ဘွတ်စာမျက်နှာကနေ " အရိပ်ရိုက်တုန်းက အမှတ်တရပုံလေးတွေပေါ့ ဒီဇာတ်ဝင်ခန်းလေးမှတ်မိလား"ဆိုတဲ့ စာသားလေးနဲ့အတူ အမှတ်တရပုံရိပ်လေးတွေ တင်ပေးလါတာပဲ ဖြစ်ပါတယ် ။ ပုံလေးတွေတိုင်းက ဆွဲဆောင်မှုရှိရှိ လှနေတာကြောင့် ပရိသတ်တွေကြည့်ရင်း အချစ်ပိုနေမှာ အသေအချာပဲမို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။ မေမြင့်မိုရ်ရဲ့ ပုံလေးတွေကို ကြည့်ပြီး ချစ်ပရိသတ်ကြီးက အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့အုန်းနော်.... ။

Photo credit - May Myint Mo's facebook account

Source & Photo credit - May Myint Mo's facebook account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။