MRTV-4ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ရင်း ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေရဲ့ ရင်ထဲကို အချိန်တိုလေးအတွင်း ဝင်ရောက်လာနိုင်ခဲ့တဲ့ သူလေးကတော့ သရုပ်ဆောင် မင်းသမီးချောလေး နန်းစန္ဒာလှထွန်းပဲ ဖြစ်ပါတယ်။ သူမက နောက်ပိုင်းမှာ ကြော်ငြာတွေနဲ့ photo shooting တွေကို ဆက်တိုက်ရိုက်ကူးနေပြီး ပွဲအခမ်းအနား အတော်များများရဲ့ ဖိတ်ကြားခြင်းကို ခံရတဲ့ သူလေးပါနော်။

Photo credit - Nan Sandar Hla Htun's facebook account

ကလေးလေးတစ်ယောက်လို ချစ်စရာကောင်းလွန်းပြီး စကားတက်လွန်းတာကြောင့် သူမရဲ့ ပရိသတ်တွေက အချစ်ပိုနေကြတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အချိုးအစားပြေပြစ်တဲ့ ကိုယ်ခန္ဓာလေးကို ပိုင်ဆိုင်ထားပြီး လိုက်ဖက်ညီတဲ့ မြန်မာဝတ်စုံလေးတွေကို ဝတ်ဆင်တက်တာကြောင့် ဖက်ရှင်မင်းသမီးလို့လဲ ချီးကျူးပြောဆိုနေကြတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ သူမက အရိပ်ဇာတ်လမ်းတွဲလေးထဲမှာ သက်သက်ဆိုတဲ့ ကာရိုက်တာလေးနဲ့ ပါဝင်သရုပ်ဆောင်ထားတာပါနော်....။

Photo credit - Nan Sandar Hla Htun's facebook account

နန်းစန္ဒာလှထွန်းက မကြာသေးမီက သူမရဲ့ ဖေ့ဘွတ်စာမျက်နှာကနေ " မမသက် ဇာတ်လမ်းထဲမှာတော့ ရည်းစားစကားပြောခံလိုက်ရ ပါပြီနော် " ဆိုတဲ့ စာသားလေးနဲ့အတူ ဇာတ်လမ်းတွဲလေးထဲက ပုံရိပ်လေးတွေကို တင်ပေးလါတာပဲ ဖြစ်ပါတယ်။ သူမရဲ့ ပုံလေးတိုင်းက ဆွဲဆောင်မှုရှိရှိ လှနေတာကြောင့် ပရိသတ်တွေ ကြည့်ရှုပြီး အချစ်ပိုမိစေမှာအသေအချာပဲမို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ သူမရဲ့ ပုံရိပ်လေးတွေကို ကြည့်ပြီး ပရိသတ်တွေက အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့အုန်းနော်.... ။

Photo credit - Nan Sandar Hla Htun's facebook account

Source & Photo credit - Nan Sandar Hla Htun's facebook account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။