မိန်းကလေးတွေဆိုတာ ကိုယ့်တန်ဖိုး ၊ကိုယ့်သိက္ခာကို တန်ဖိုးထားတတ်ဖို့ဆိုတာ ကိုယ့်ရဲ့ အနေအထိုင် ၊အပြုအမူ ၊ အပြောအဆိုလေးတွေ၊ အသုံးအဆောင်လေးတွေနဲ့ အဝတ်အစားဖက်ရှင်တွေကလည်း သက်ဆိုင်ပါတယ်။

ဆွဲဆောင်မှုပိုရှိတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ဖို့ဆိုရင် ကိုယ့်ရဲ့ အသွင်အပြင်ကို ပိုပေါ်လွင်စေမယ့် ဒီအချက်လေးတွေလုပ်ကြည့်ပါလား။

ခွေးတစ်ကောင်ရှိခြင်းကလည်း သင့်ကို ဆွဲဆောင်မှုပိုစေတယ်ဆိုတာ သိပြီးသွားပြီလား။ ခွေးမွေးတဲ့မိန်းကလေးတွေက သာမန်မိန်းကလေးတွေထက် စိတ်ရှည်သည်းခံတတ်တယ်။ နူးညံ့တယ်ဆိုတာ လူတိုင်းသိပါတယ်နော်။ ပြီးတော့ ခွေးလေးကို လည်ပတ်ကြိုးလေးအမျိုးမျိုးတွဲပြီး လမ်းလျှောက်ထွက်တာကလည်း သင် ပုံမှန်ထက် ပေါ်ပြူလာဖြစ်စေပါတယ်။

အနီရောင်ကတော့ ဘယ်နေရာရောက်ရောက် ဆွဲဆောင်မှုရှိနေမှာပါပဲ။ ဒါကြောင့် သင့်ရဲ့ ပျင်းရိငြီးငွေ့စရာကောင်းနေတဲ့ တစ်နေ့တာကို လန်းဆန်းပေါ့ပါးနေဖို့ဆိုရင် အနီရောင်ကို သုံးကို သုံးပေးရမှာပါနော်။ ကောင်မလေးတို့ရေ သင့်တို့ရဲ့နှုတ်ခမ်းတစ်စုံကို အနီရောင်နှုတ်ခမ်းနီလေးသုံးပြီး ဆွဲဆောင်မှုရှိအောင် ကြိုးစားဖို့လည်း မမေ့ပါနဲ့နော်။

နောက်တစ်ခုကတော့ လူကြားထဲမှာစကားပြောတဲ့အခါ သတိထားဖို့ပါ။ အဲဒါကတော့ အသံကို မြင့်ပြီး ပြောဖို့ပါပဲ။ လူကြောက်တဲ့မိန်းကလေးပုံစံမျိုးနဲ့ အသံတိုးတိုးနဲ့ မကြားတကြားပြောနေတာထက်စာရင်တော့ ကြည်လင်ပြတ်သားတဲ့အသံကို ယုံကြည်မှုရှိရှိထုတ်သုံးလိုက်ပါ။ ရဲရင့်ပြတ်သားတဲ့ လေယူလေသိမ်းနဲ့ ချက်ကျလက်ကျစကားပြောတတ်တာကလည်း သင့်အတွက် ဆွဲဆောင်မှုပိုစေဖို့ အရည်အချင်းကောင်းတစ်ခုပါ။

ဒီနေရာမှာ ရေမွှေးသုံးပေးဖို့လည်း တိုက်တွန်းချင်ပါသေးတယ်နော်။ ရေမွှေးသုံးတဲ့အခါ သဘာဝဆန်တဲ့ ရနံ့တွေက အမျိုးသားတွေကို ပိုဆွဲဆောင်စေပါတယ်။ သင့်ရဲ့ ရေမွှေးနံ့လေးကို သူတို့ ထာဝစဉ်စွဲလမ်းသွားဖို့ ဘယ်သွားသွား သဘာဝဆန်တဲ့ရေမွှေးလေးကို သုံးပေးပါဦး ကောင်မလေးတို့။

နောက်ဆုံး ဘာမှ မပြင်မဆင်အပြင်သွားမိမယ်။ ဧည့်သည်လက်ခံစကားပြောမိမယ်ဆိုရင်တောင် နှုတ်ခမ်းနီရဲရဲ မပါပဲလည်း သင်လုပ်နိုင်တဲ့ဆွဲဆောင်မှုတစ်ခုရှိပါသေးတယ်။ အဲဒါကတော့ ပြုံးပါ။ ငါ ရေမွှေးမဆွတ်ထားရလေခြင်း၊ ငါ့မှာ Pet တစ်ကောင်လောက်တောင် မရှိရလေခြင်းဆိုပြီး စိတ်အားငယ်နေမယ့်အစား အားလုံးကို ယုံကြည်မှုအပြည့်နဲ့ ပြုံးပြလိုက်တာက သင့်ရဲ့ မပြည့်စုံတဲ့အားလုံးကို Cover လုပ်ပေးနိုင်ပါတယ်နော်။

သင့်ကိုယ်သင် ဆွဲဆောင်မှုရှိစေဖို့ လုပ်ရမယ့်အချက်အလက်တွေကလည်း ငွေကုန်လူပင်ပန်းတာမှ မဟုတ်တာပဲနော်။ ဘယ်နေရာရောက်ရောက် ဆွဲဆောင်မှုအပြည့်ရှိတဲ့ မိန်းကလေးတစ်ယောက် အခုချက်ချင်းဖြစ်ဖို့ အခုချက်ချင်းပဲ လုပ်လို့ရနေပါပြီနော်။ 

သတင်းအရင်းမြစ် Moda

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။