မောင်တောမြို့နယ် မှဆရာမများအား လုံခြုံရာသို့ ရဟတ်ယာဉ်ဖြင့် ရွှေ့ပြောင်းပေး

မောင်တောမြို့နယ် တောင်ပြိုတွင် စုစည်းထားသည့် ဆရာမများ ရဟတ်ယာဉ်ဖြင့် ပထမအသုတ်အဖြစ် ရွှေ့ပြောင်းရောက်ရှိ

မာင်တောမြို့နယ် တောင်ပြိုတွင် စုစည်းထားသည့် ဆရာမ ၅၀ သည် ယနေ့မွန်း လွဲပိုင်းတွင် ဘူးသီးတောင်သို့ ရဟတ်ယာဉ်များဖြင့် ပထမအသုတ်အဖြစ် ရောက်ရှိလာသည်။

အဆိုပါ ဆရာမများသည် ယနေ့ညနေပို်င်းတွင် စစ်တွေမြို့သို့ အမြန်ရေယာဉ်ဖြင့် ဆက်လက် ထွက်ခွာလာကြောင်း သိရှိရသည်။

လုံခြုံစိတ်ချရသည့်နေရာများတွင် စုစည်းထားသည့် ကျန်ဆရာ၊ ဆရာမများအားလည်း ရာသီ ဥတု အခြေအနေအပေါ် မူတည်၍ ဆက်လက်ရွှေ့ပြောင်းသွားမည်ဖြစ်ကြောင်း သိရသည်။

အောက်တိုဘာ ၁၂ ရက် တွင် ပြုလုပ်သည့် ပြည်ထောင်စုဝန်ကြီး များနှင့် မောင်တောမြို့နယ်မှ မြို့မိမြို့ဖများ၊ ဒေသခံများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ တွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းနှင့် ဒေါက်တာ ချမ်းသာတို့၏ ရှင်းလင်းတင်ပြချက်များ အရ မောင်တောဒေသတွင် ဆရာ၊ ဆရာမ ၂၈၈ ဦးရှိပြီး ၁၀၄ ဦးမှာ နေရပ် သို့ ပြန်သွားပြီဖြစ်ကြောင်း၊ ကျန် ဆရာ၊ ဆရာမများအား လုံခြုံစိတ်ချရသည့် စုရပ်အသီးသီးတွင် ထားရှိကြောင်း၊ ကျန်မာရေးဝန်ထမ်း ၁၆ ဦးမှာ ဝေးလံသော ဒေသများတွင် ရှိကြောင်း၊ ၎င်းတို့အား လုံခြုံသော နေရာတွင် စုစည်း ထားကြောင်း သိရသည်။

Credit - MOI Webportal Myanmar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။