ပရိသတ်ကြီးရေ မော်ဒယ်လ် သရုပ်​ဆောင်မင်းသမီးချောလေး ဟန်သီကတော့ Miss ဆုကို ထိုက်တန်စွာ ရရှိထားပြီး ဆယ်ကျော်သက်အရွယ်ငယ်လေးနဲ့ အောင်မြင်မှုတွေများစွာကို ရရှိပိုင်ဆိုင်ထားတဲ့ သူလေးပဲ ဖြစ်ပါတယ် ။ သရုပ်ဆောင်ရာမှာ ပီပြင်ရုံသာမကပဲ ကြော်ငြာတွေနဲ့ photo shooting တွေကိုလည်း ကြိုးစားရိုက်ကူးနေတဲ့ သူမက ပရိသတ်တွေရဲ့ အားပေးချစ်ခင်ခြင်းကို အပြည့်အဝရရှိထားတဲ့ သူလေးပဲ ဖြစ်ပါတယ်။

Photo credit- Han Thi's facebook page
Photo credit- Han Thi's facebook page

နိုင်ငံခြားသူတစ်ယောက်လို ဗိုလ်ဆန်တဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့ သူမက ဖြူဖွေးလှပတဲ့ အသားအရည်ကြောင့် ပုရိသတို့ အသည်းစွဲ အားပေးချစ်ခင်ရတဲ့ အနုပညာရှင်တစ်ဦး ပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဟန်သီက အနုပညာလှုပ်ရှားမှုတွေကို ခေတ္တရပ်ဆိုင်းထားပြီး အိမ်မှာပဲ သူမဝါသနာပါတဲ့ ကိုယ်လက်လေ့ကျင့်ခန်းတွေကို နေ့စဥ်လုပ်ကိုင်နေပြီး သူမရဲ့ နေ့စဥ်လှုပ်ရှားမှု ပုံရိပ်လေးတွေကို လူမှုကွန်ယက်ဆိုရှယ်မီဒီယာကနေတဆင့် ပရိသတ်တွေဆီကို မျှဝေပေးလျှက်ရှိနေတာလည်း ဖြစ်ပါတယ် ။

Photo credit- Han Thi's facebook page
Photo credit- Han Thi's facebook page

ယခုမှာလည်း ဟန်သီက " ချစ်တယ်ဆိုတာ ကိုယ်ဖြစ်ချင်သလိုဖြစ် ပြောချင်သလိုပြောရမယ့် အတ္တကြီးရမှာမျိုးမဟုတ်ပဲ ကိုယ်ချစ်တဲ့သူ စိတ်ချမ်းသာအောင် နားလည်မှု ရှိရမယ်ဆိုတာ မသိခဲ့မိဘူး။ ချစ်တတ်အောင်အများကြီးကြိုးစားရအုံးမှာ" ဆိုတဲ့ စာသားလေးနဲ့အတူ သူမရဲ့ လှပပြီး ဆွဲဆောင်မှုရှိတဲ့ ပုံရိပ်လေးတွေကို တင်ပေးလါတာပဲဖြစ်ပါတယ်။ ဟန်သီရဲ့ ပုံလေးတွေတိုင်းက ကြည့်ကောင်းနေတာကြောင့် ပရိသတ်ကြီး ကြည့်ရှုပြီး အချစ်ပိုမိစေမှာအသေအချာပဲမို့ ပြန်လည်တင်ဆက်လိုက်ပါတယ်နော်......။

Photo credit- Han Thi's facebook page

Source & Photo credit- Han Thi's facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။