ချစ်ပရိသတ်ကြီးရေ အသားညိုညိုလေးနဲ့ မြင်သူတကာငေးရတဲ့ တိုင်းရင်သူလေး နန်းခင်ဇေယျာကတော့ ပရိသတ်တွေ အသည်းစွဲ အားပေးချစ်ခင်ရတဲ့ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်နော်။ နန်းခင်ဇေယျာက သရုပ်ဆောင်ရာမှာ ပီပြင်ရုံသာမကပဲ အဆိုပိုင်းမှာလည်း ကျွမ်းကျင်ပိုင်နိုင်စွာ အသံချိုချိုလေးနဲ့ သီဆိုလေ့ရှိသူလည်း ဖြစ်ပါတယ်။ စကားပြောဆို ပွင့်လင်းပြီး ဖော်ဖော်ရွေရွေ ဆက်ဆံတက်တာကြောင့် လူအများရဲ့ အချစ်ကို အပြည့်အဝရရှိထားတဲ့ သူလေးဆိုရင်လည်း မမှားနိုင်ပါဘူးနော်...။

Photo credit - Nang Khin Zay Yar's facebook page

ချစ်စရာကောင်းတဲ့ အပြုအမှုလေးတွေကလည်း ဆွဲဆောင်မှု တစ်ခုပါပဲနော်။ သူမက ကျစ်လစ်လှပတဲ့ ကိုယ်ခန္ဓာအချိုးအစားကို ပိုင်ဆိုင်ထားပြီး ကိုယ်လက်လေ့ကျင့်ခန်းတွေကို အမြဲလိုလိုပြုလုပ်လေ့ရှိသူပဲ ဖြစ်ပါတယ် ။ နန်းခင်က လတ်တလောမှာတော့ ကိုရိုနာဗိုင်းရပ်ရောဂါ ကူးစက်ပြန့်ပွားလာတဲ့ ပြဿနာလေးတွေကြောင့် အနုပညာလှုပ်ရှားမှုတွေကို ရပ်ဆိုင်းထားပြီး အိမ်မှာပဲ သူမဝါသနာပါတဲ့ ကိုယ်လက်လေ့ကျင့်ခန်းတွေကို လုပ်ကာ နားနားနေနေ နေထိုင်နေတာပဲဖြစ်ပါတယ်။

Photo credit - Nang Khin Zay Yar's facebook page

အိမ်မှာနေရင်း ချစ်ပရိသတ်တွေ အလွမ်းပြေကြည့်ရှုစေနိုင်ရန်အတွက် ဖေ့ဘွတ်စာမျက်နှာကနေ ပုံလေးတွေကို တင်ပေးလေ့ရှိနေတာလည်း ဖြစ်ပါတယ်။ ပုံလေးတွေ အပြင် " အိမ်မှာနေတာကြာလို့ လှလာတာနေမယ် အိမ်မှာပဲ နေကြပါနော်" ဆိုတဲ့ captionလေးကိုလည်း ရေးသားထားပါတယ် ။ နန်းခင်ဇေယျာရဲ့ ပုံလေးတွေတိုင်းက လှနေတာကြောင့် ပရိသတ်တွေကြည့်ရင်း အချစ်ပိုနေမှာ အသေအချာပဲမို့ ပြန်လည်တင်ဆက်လိုက်ပါတယ်နော် ။ သူမရဲ့ ပုံလေးတွေကို ကြည့်ပြီး အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့အုန်းနော်..... ။

Photo credit - Nang Khin Zay Yar's facebook page
Photo credit - Nang Khin Zay Yar's facebook page

Source & Photo credit - Nang Khin Zay Yar's facebook page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။